Pages

Pages

KIA/ PDF အကြမ်းဖက်စခန်းကို တပ်မတော်က လေကြောင်းမှ ဗုံးကြဲရှင်းလင်း


ဖားကန့်၊ အောက်တိုဘာ ၂၁

အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိသည့် KIA/ PDF အကြမ်းဖက်စခန်းကို တပ်မတော်က လေကြောင်းမှ ဗုံးကြဲရှင်းလင်းမှုများ ယနေ့ (၂၁-၁၀-၂၀၂၅) ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ KIA လော်ဘီ ကချင်မီဒီယာများတွင် "ဖားကန့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ ၊ တပ်ရင်း ၆ ဌာနချုပ်ကို ဒီကနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ မနက် ၇ နာရီခွဲအချိန် လေကြောင်း နဲ့ အကြိမ်ပေါင်းများစွာ တိုက်ခိုက်သွားတယ်လို့ သိရပါတယ်။ စစ်တပ်သုံးလေယာဉ်က KIA တပ်ရင်း (၆) ဌာနချုပ် နေရာပတ်ပတ်လည်ကို လေယာဉ်ဗုံး ၃၆ ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်သွားတယ်" လို့ ဖားကန့်ပြည်သူ အမျိုးသားတစ်ဦး ရဲ ပြောဆိုချက်ကို ကိုးကားပြီး ဖော်ပြထားသည်။

ကံဆီးဘက်ကနေ တက်လာပြီး KIA ရင်း(၆)ကို ပစ်သွားခြင်းဖြစ်ကြောင်း၊ အချိန် နာရီဝက်ခန့် ပစ်ပြီး ပြန်ဆင်းသွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကို ဆိုးရွားစွာ လုပ်ဆောင်ခဲ့သည့် KIA/ PDF အကြမ်းဖက်အဖွဲ့များကို ပြတ်သားစွာ နှိမ်နင်းဆောင်ရွက်ပေးရန် ပြည်သူများက တောင်းဆိုနေကြသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق