ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ၂၀၂၅ ခုနှစ် စွမ်းအင်အသွင်ကူးပြောင်းရေး အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက် National Energy Administration(NEA)၏ အကြီးအကဲဖြစ်သူနှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ၂၀၂၅ ခုနှစ် စွမ်းအင်အသွင်ကူးပြောင်းရေး အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ တက်ရောက် National Energy Administration(NEA)၏ အကြီးအကဲဖြစ်သူနှင့် တွေ့ဆုံ


နေပြည်တော်၊ အောက်တိုဘာ ၂၅

စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့ National Energy Administration(NEA) က ကြီးမှူးကျင်းပသည့် ၂၀၂၅ ခုနှစ် စွမ်းအင်အသွင်ကူးပြောင်းရေး အပြည်ပြည်ဆိုင်ရာဖိုရမ်သို့ နိုင်ငံတကာမှ စွမ်းအင်ဝန်ကြီးများ၊ စွမ်းအင်ကဏ္ဍဆိုင်ရာအကြီးအကဲများနှင့်အတူ တက်ရောက်ပြီး ပြခန်းများလှည့်လည်ကြည့်ရှုသည်။

ဖိုရမ်တွင် ပြည်ထောင်စုဝန်ကြီးက Key Note Speaker အနေဖြင့် “စွမ်းအင်ဖူလုံရေး၊ စွမ်းအင်လုံခြုံရေးနှင့် စွမ်းအင်အသွင်ကူးပြောင်းရေးတွင် မြန်မာနိုင်ငံအနေဖြင့် ပါဝင်ဆောင်ရွက် နေမှု” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားရာတွင် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အခြေအနေ၊ မြန်မာနိုင်ငံ၏ စွမ်းအင်ကဏ္ဍအခြေအနေတို့နှင့်ဆက်စပ်ပြီး စွမ်းအင်အသွင်ကူးပြောင်းရေး ဆောင်ရွက်ရာတွင် စွမ်းအင်ဖူလုံမှုနှင့်လုံခြုံမှုကို အလေးထား၍ ဆောင်ရွက်ရန်လိုအပ်မှု၊ ရင်းနှီးမြှုပ်နှံမှုများ လာရောက်ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများဖော်ဆောင်ခြင်း၊ ရှာဖွေဖိတ်ခေါ်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့များရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ကမ္ဘာ့နိုင်ငံများ နည်းတူ ရာသီဥတုဆိုင်ရာ ကတိကဝတ်များ ပြည့်မီစေရေးအတွက် စွမ်းအင်အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များလိုက်ပါဆောင်ရွက်ရာတွင် တွေ့ကြုံနေသည့် စိန်ခေါ်မှုများကို ကျော်ဖြတ်နိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများကိုထည့်သွင်းဆွေးနွေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားစွမ်းအင်စီမံခန့်ခွဲမှုအဖွဲ့၏ အကြီးအကဲဖြစ်သူ Mr.Wang Hongzhi ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံစွမ်းအင်ဆိုင်ရာမူဝါဒများ၊ မဟာဗျူဟာများကို အခြေခံ၍ စွမ်းအင်အသွင်ကူးပြောင်းရေး ကာလတွင်စွမ်းအင်ဖူလုံမှုနှင့် လုံခြုံမှုအတွက် နှစ်နိုင်ငံအနေဖြင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်လိုသည့် အခြေအနေများ၊ နှစ်နိုင်ငံ အကြီးအကဲများသဘောတူညီ ထားကြပြီးဖြစ်သည့် ကဏ္ဍစုံ၊ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး၌ တစ်ခုအပါအဝင်ဖြစ်သော စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်လိုသည့်ကိစ္စရပ်များ၊ Green Energy, New Energy သို့ ကူးပြောင်းရာတွင် အဓိကကျသည့်နည်းပညာ၊ အရင်းအနှီး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးကဏ္ဍသုံးရပ်တွင် တရုတ်နိုင်ငံအနေဖြင့် လိုအပ်သည့်ကူညီ အားပေးမှုများ ပြုလုပ်ပေးနိုင်ရန် ကိစ္စရပ်များ၊ ၂၁ ရာစုကို သိသာစွာ ပြောင်းလဲသွားစေမည့် နည်းပညာ ဟုခေါ်ဆိုရမည့် AI နည်းပညာကို စွမ်းအင် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် မလွဲမသွေ အသုံးပြုရမည်ဖြစ်ရာ အဓိကလိုအပ်သည့် လျှပ်စစ်ဓာတ်အားပိုမိုရယူ အသုံးပြုနိုင် ရေးအတွက် တရုတ်နိုင်ငံအနေဖြင့် ကူညီဆောင်ရွက်ပေးရန် ကိစ္စရပ်များကို ဆွေးနွေးသည်။

ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် စွမ်းအင်ကဏ္ဍတွင် အရှေ့အလယ် ပိုင်းဒေသ၊ အာဖရိကဒေသတို့နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်လျက်ရှိရာ မြန်မာနိုင်ငံပထဝီအနေ အထားအရ အချက်အချာ ကျသည့် အားသာချက်ကိုရယူ၍ ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိနေပါကြောင်း၊ နှစ်ဦးနှစ်ဖက် အမြင်ချင်းဖလှယ်၍ ရင်းနှီးပွင့် လင်းစွာဆွေးနွေးခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)