အမေရိကန် NSA က တရုတ်ကို ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန် NSA က တရုတ်ကို ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ စွပ်စွဲ


အောက်တိုဘာ - ၂၀ ( တနင်္လာနေ့ ) 

အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီ (NSA) က တရုတ် လုံခြုံရေးအေဂျင်စီကို နိုင်ငံလုံးဆိုင်ရာ အချိန်ကို ထိန်းချုပ်ဖို့အတွက် နှစ်ရှည် ဆိုက်ဘာတိုက်ခိုက်မှုတစ်ရပ်ကို ဆင်နွှဲနေတယ်လို့ တရုတ်ဘက်က စွပ်စွဲထားပါတယ်။ 

မနေ့က တရုတ်လုံခြုံရေးအေဂျင်စီ ရဲ့ တရားဝင်ဆိုရှယ်မီဒီယာတွင် တင်ထားတဲ့ ကြေညာချက်မှာ NSA သည် အမျိုးသား အချိန်ဝန်ဆောင်မှု စင်တာရဲ့ ကွန်ပြူတာတွေကို စိမ့်ဝင်မှုတွေ လုပ်လာတယ်လို့ တရုတ် နိုင်ငံတော်လုံခြုံရေးဝန်ကြီးဌာန (MSS) က ပြောကြားခဲ့ပါတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်တွေကို ခိုးယူဖို့နဲ့ ဆိုက်ဘာဖျက်ဆီးမှု လုပ်ရပ်တွေကို လုပ်ဆောင်ဖို့ ရည်ရွယ်ပြီး လျှို့ဝှက်စစ်ဆင်ရေးကို ၂၀၂၂ ခုနှစ် မတ်လ ကတည်းက စတင်ခဲ့တာပါ လို့လည်း ဆိုပါတယ်။ 

အဲ့ဒိတရုတ်စင်တာက ဘဏ္ဍာရေး၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် ကာကွယ်ရေးအပါအဝင် အဓိက ကဏ္ဍများသို့ 'Beijing Time' ထုတ်လွှင့်ခြင်းကိုလုပ်နေပြီး တရုတ်နိုင်ငံ၏ တရားဝင်အချိန်အာဏာပိုင်အဖြစ် ဆောင်ရွက် နေတာပါ။ တကယ်လို့ အဲ့ဒိစင်တာမှာ ထိခိုက်မှု တစ်ခုခု ဖြစ်ခဲ့တယ်ဆိုရင် တရုတ် ဘဏ္ဍာရေးစျေးကွက်များ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဓာတ်အားထောက်ပံ့မှုတို့တွင် ကျယ်ပြန့်စွာ မတည်မငြိမ်ဖြစ်စေနိုင်တယ်လို့ MSS က ဆိုပါတယ်။ 

MSS ရဲ့ အဆိုအရ NSA သည် စင်တာရှိ ဝန်ထမ်းအများအပြားရဲ့ နိုင်ငံခြားလုပ် မိုဘိုင်းလ်ဖုန်းများတွင် အားနည်းချက်တစ်ခုကိုထည့်ထားပြီး အဲ့ဒိကနေတစ်ဆင့် အသုံးချခဲ့ပြီး ထိလွယ်ရှလွယ် ဒေတာများကို ပထမဆုံး ရယူသုံးစွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။ 

NSA က ကွန်ပျူတာစနစ်များကို ချိုးဖောက်ဖို့ စကားဝှက်တွေကို ၂၀၂၃  ဧပြီလကတည်းက ခိုးနေပြီး ၂၀၂၄ မှာ စကားဝှက်ပေါက်ကြားမှုတစ်ခုဖြစ်ခဲ့ပါတယ်။ ကျူးကျော်သူများက ၎င်းတို့ရဲ့လျှို့ဝှက်လုပ်ဆောင်မှုတွေမှာ ထူးခြားတဲ့ ဆိုက်ဘာကိရိယာ ၄၂ ခုကို အသုံးချပြီး သူတို့ရဲ့မူရင်းကို ဖုံးကွယ်ဖို့ အမေရိကန်၊ ဥရောပ နဲ့ အာရှ အခြေစိုက် နေရာအတုတွေကနေ  သီးသန့်ဆာဗာများကို အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။ 

အမေရိကန် သူလျှိုများက တရုတ်၊ အရှေ့တောင်အာရှ၊ ဥရောပနှင့် တောင်အမေရိကတို့ကို ပစ်မှတ်ထားပြီး ဆိုက်ဘာတိုက်ခိုက်မှုများကို ဆက်တိုက်ဆိုသလို မဆင်မခြင် ပြုမူခဲ့ကြောင်း ဆိုသွားပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)