မလေးရှားတွင် နေထိုင်ပြီး NUG အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းကာ ငွေကြေးလိမ်လည်မှုများ ပြုလုပ်ခဲ့သည့် သူဇာမောင် (ခ) Rashidah Binti Abdul Azeez ကုလားမကို မိပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

မလေးရှားတွင် နေထိုင်ပြီး NUG အကြမ်းဖက်အဖွဲ့နှင့် ပူးပေါင်းကာ ငွေကြေးလိမ်လည်မှုများ ပြုလုပ်ခဲ့သည့် သူဇာမောင် (ခ) Rashidah Binti Abdul Azeez ကုလားမကို မိပြီ


နေပြည်တော်၊ အောက်တိုဘာ ၁၇

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ရောက်ရှိနေထိုင်သည့် သူဇာမောင် (ခ) Rashidah Binti Abdul Azeez သည် မလေးရှားနိုင်ငံ၌ မြန်မာမွတ်စလင်ဒုက္ခသည်များကော်မတီ(Myanmar Muslim Refugee Community-MMRC)ကိုဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ယင်းအဖွဲ့ အစည်းမှ ရရှိသောငွေကြေးအကျိုးအမြတ်များဖြင့် အကြမ်းဖက်အုပ်စုဖြစ်သည့် NUG အဖွဲ့ကို ငွေကြေးထောက်ပံ့ခြင်း၊ NUG အဖွဲ့အတွက် ရန်ပုံငွေရှာဖွေပေးခြင်းများပြုလုပ်ခဲ့သဖြင့် ၎င်းကို မြစ်သားမြို့နယ်၊ မြစ်သားမြို့မရဲစခန်း၌ (ပ)၁၄၀/၂၀၂၂ ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က)ဖြင့် အမှုဖွင့်ပြီး မြစ်သားမြို့နယ်တရားရုံးသို့ ယင်းဥပဒေပုဒ်မ ၅၂(က)/ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ ဖြင့် တရားစွဲဆိုခဲ့ရာ မြို့နယ်တရားရုံးက ရာဇဝတ်အထွေထွေမှုအမှတ် ၉/၂၀၂၃ ဖြင့် လက်ခံစစ်ဆေးပြီး ၃၁-၁-၂၀၂၃ ရက်နေ့တွင် ဖမ်းဝရမ်းထုတ်ဆင့်ခဲ့ပါသည်။

ယခုအခါ သူဇာမောင်၊ ၎င်း၏ခင်ပွန်း စောသန်းတင်ဝင်းနှင့် သားသမီး ၃ ဦးတို့သည် မြန်မာနိုင်ငံအတွင်း တရားမဝင်ပြန်လည်ဝင်ရောက်လာစဉ် ဖမ်းဆီးရမိသဖြင့် စစ်ဆေးဖော်ထုတ်ချက် အရ သူဇာမောင်သည် MMRC အဖွဲ့ကို ဖွဲ့စည်းပြီး UNHCR နှင့် NGO/INGO အဖွဲ့အစည်းများထံမှ အထောက်အပံ့များရရှိရန် ဆောင်ရွက်၍ ရရှိသောအထောက်အပံ့များကို တရားမဝင်ရွှေ့ပြောင်း လုပ်သားများအား MMRC အဖွဲ့မှ ထောက်ပံ့ကြောင်းလိမ်လည်ကာ အဖွဲ့ဝင်များဖြစ်အောင် စည်းရုံးခြင်း၊ အကြောင်းမျိုးမျိုးဖြင့် တရားမဝင်ရောက်ရှိလာသူများကို UNHCR ၏ ဒုက္ခသည်အသိအမှတ်ပြု လက်မှတ်ရရှိအောင် ဆောင်ရွက်ပေးခြင်းဖြင့် ရရှိသည့်ငွေကြေးအကျိုးအမြတ်များဖြင့် ၎င်း၏ မိသားစုအကျိုးစီးပွားပြုလုပ်ခြင်း၊ အကြမ်းဖက်အုပ်စုဖြစ်သည့် NUG နှင့် ယင်း၏လက်အောက်ခံများကို ငွေကြေးလှူဒါန်းခြင်း၊ ရန်ပုံငွေရှာဖွေပံ့ပိုးခြင်းများပြုလုပ်ကြောင်း တွေ့ရှိရသည့်အတွက် ၎င်းတို့ကို ဥပဒေနှင့်အညီ ဆက်လက်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)