Pages

Pages

ကျောက်မဲမြို့နယ်၊ လွယ်ခေါ်ကျေးရွာအနီးရှိ TNLA အကြမ်းဖက်စခန်းကို ရှင်းလင်းဖယ်ရှား





ကျောက်မဲမြို့နယ်၊ လွယ်ခေါ်ကျေးရွာအနီးရှိ အကြမ်းဖက် TNLA အဖွဲများခံစစ်ယူထားတဲ့ လွယ်ခေါ်စေတီကုန်း၊ လွယ်ခေါ်ကျေးရွာတောင်ဘက်မီတာ ၈၀၀ ခန့်က ရန်သူ့ခံစစ်စခန်း ၃ ခု၊ စုစုပေါင်း ရန်သူ့ခံစစ်စခန်း ၄ ခုတို့အား အောက်တိုဘာ ၇ ရက်နေ့က တပ်မတော်စစ်ကြောင်းများက အောင်မြင်စွာချေမှုန်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

ရှင်းလင်းဆောင်ရွက်စဉ် အကြမ်းဖက် TNLA အလောင်း ၁ လောင်း၊ မိုင်းမျိုးစုံ ၃၂ လုံး၊ ဘန်ကာ ၇ လုံး၊ ပစ်ကျင်း ၅၃ ကျင်း၊ တဲ ၃ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

တပ်မတော်စစ်ကြောင်းများအနေဖြင့် သီပေါမြို့သို့ ဆက်လက်သိမ်းပိုက်ရန် ဆောင်ရွက်လျက်ရှိသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق