Pages

Pages

(၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (33rd ASEAN Armies Rifle Meet-33rd AARM) ပိတ်ပွဲအခမ်းအနားသို့ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်


နေပြည်တော်၊ နိုဝင်ဘာလ ၂၇

စင်ကာပူနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် (၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ(33rd ASEAN Armies Rifle Meet-33rd AARM)ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ သည် နိုဝင်ဘာလ ၂၇ ရက် နေ့လယ်ပိုင်းတွင် စင်ကာပူတပ်မတော်၏ Singapore Armed Forces Training Institute (SAFTI) သို့ရောက်ရှိခဲ့ပြီး မြို့တွင်းစစ်ဆင်ရေးလေ့ကျင့်ရေးကွင်းနေရာနှင့် မြိုတွင်းစစ်ဆင်ရေး ဆောင်ရွက်ရာတွင်အသုံးပြုသည့် သဏ္ဍာန်တူလေ့ကျင့်ရေးအထောက် အကူပြုလက်နက် စနစ်များ၊ လက်ဖြောင့်သေနတ်သရုပ်ပြပစ်ခတ်မှု၊ စောင့်ကြည့်ထောက် လှမ်းရေးသုံး ဒရုန်းသရုပ်ပြပျံသန်းမှု၊ မြေပြင်သွားမောင်းသူမဲ့ယာဉ်စနစ်များကိုလေ့လာ ကြည့်ရှု ခဲ့သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် Singapore Armed Forces Training Institute ၏ စစ်ရေးပြကွင်းသို့ရောက်ရှိခဲ့ပြီး အာဆီယံ ကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ Novelty Shoot ပစ်ခတ်စဉ်၌ပါဝင်ပစ်ခတ်ခဲ့သည်။ ဆက်လက်၍ စင်ကာပူတပ်မတော်ကအသုံးပြုလျက်ရှိ သည့် တိုက်ခိုက်ရေးယာဉ်များနှင့် မောင်းသူမဲ့ယာဉ်စနစ်များအသုံးပြု၍ အဆောက်အဦအတွင်းရှိရန်သူအားရှင်းလင်းခြင်းသရုပ်ပြသည့် မြို့တွင်းစစ်ဆင်ရေး သဏ္ဍာန်တူလေ့ကျင့်ခန်းသရုပ် ပြသမှုအားလေ့လာကြည့်ရှုခဲ့သည်။

ထို့နောက် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း သည် Novelty Shoot ပစ်ခတ်စဉ်၌ပါဝင်ပစ်ခတ်ခဲ့ပြီး (၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော် (ကြည်း)များသေနတ်ပစ်ပြိုင်ပွဲ (33rd ASEAN Armies Rifle Meet-33rd AARM) ပိတ်ပွဲအခမ်း အနားသို့ အာဆီယံကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ တက်ရောက်ခဲ့သည်။ ဆက်လက်၍ မြန်မာ့တပ်မတော်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်နေသည့် သေနတ်ပစ် အသင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားကာ အမှတ်တရဓာတ်ပုံရိုက်ကူးခဲ့သည်။ ညနေပိုင်းတွင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် အာဆီယံကြည်းတပ်ဦးစီးချုပ်များ၊ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များနှင့်အတူ (၃၃)ကြိမ်မြောက် အာဆီယံနိုင်ငံတပ်မတော်(ကြည်း)များသေနတ်ပစ်ပြိုင်ပွဲ (33rd AARM)၏ နှုတ်ဆက်ညစာစားပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။


#News #Myanmar

ليست هناك تعليقات:

إرسال تعليق