ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)နှင့် (B) ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)နှင့် (B) ပြန်လည်ပြုပြင်ဆောင်ရွက်နေမှု ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ နိုဝင်ဘာ ၁၅

မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးထိန်လင်းနှင့် ဦးဇင်မင်းထက်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မန္တလေးငလျင်အပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ အားကစားရုံ(A)နှင့်(B)တို့ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ မန္တလေးငလျင်အပြီး ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ အဆောက်အအုံပတ်လည်နံရံများ ပြန်လည်ဖာထေးပြုပြင်ပြီးစီးမှုနှင့် VIP ဧည့်ခန်းမဆောင် အုတ်စီခြင်းလုပ်ငန်း၊ မှန်တပ်ဆင်ခြင်းလုပ်ငန်း၊ ကြမ်းခင်းများနှင့်အုတ်နံရံများ ပြုပြင်ဆောင်ရွက်နေမှု၊ မီတာ ၄၀၀ Synthetic ပြေးလမ်းအသစ် ပြန်လည်ခင်းကျင်းနိုင်ရေးဆောင်ရွက်နေမှု၊ ဘောလုံးကွင်းမြက်ခင်းပြန်လည်စိုက်ပျိုးပြီးစီးမှုနှင့် ရေဖျန်းစနစ်(Field Sprinkler)များ တပ်ဆင်ပြီးစီးမှု၊ အထူးတန်းပွဲကြည့်စင်ပတ်လည် နံရံပလာစတာ ဖာထေးပြုပြင်ပြီးစီးမှုနှင့် ဓာတ်လှေကားပြန်လည်ပြင်ဆင်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့ရေး၊ အရည်အသွေးကောင်းမွန်ရေး ကြပ်မတ်ဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် အားကစားရုံ(A)နှင့် (B)တို့ရှိ အုတ်နံရံပတ်လည် ပလာစတာများ ခွဲထွင်ဖာထေးပြုပြင်ပြီးစီးမှုနှင့် ပွဲကြည့်စင်များ၊ VIP ဧည့်ခန်းမဆောင်ကြမ်းခင်း၊ နံရံများပြုပြင်ဆောင်ရွက်ပြီးစီးမှု၊ ရေလိုင်း၊ မီးလိုင်းစနစ်များကောင်းမွန်ရေးနှင့် LED ဘုတ်ပြားများ ပြုပြင်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အဓိကအားထားပါဝင်ယှဉ်ပြိုင်မည့် ပိုက်ကျော်ခြင်းအားကစားနည်းမှ အမျိုးသား/အမျိုးသမီး ကွင်းသွင်းခြင်းခတ်အားကစားသမားများနှင့် ပိုက်ကျော်ခြင်း(နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲ) အားကစားသမားများ၏ လေ့ကျင့်နေမှုများကို ကြည့်ရှုအားပေးပြီး ပိုက်ကျော်ခြင်း အားကစားနည်းဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်အောင်နှင့် မိမိတို့မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မှုများ ရရှိအောင်ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားယှဉ်ပြိုင်ရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)