Pages

Pages

ကြို့ပင်ကောက်မြို့တွင် မေခလာငွေစု‌‌ငွေချေး ပညာရေးသမဝါယမအသင်းလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ




ကြို့ပင်ကောက်  ၊ နိုဝင်ဘာ ၂၅


ပဲခူးတိုင်း‌ဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ်တွင် မေခလာငွေစုငွေချေးပညာရေးသမဝါယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် ကျင်းပပြုလုပ်သော နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက်က မြို့နယ်ပညာ‌‌ရေးမှူးရုံး အစည်းအဝေးခန်းမတွင်ကျင်းပခဲ့သည်။

အခမ်းအနားတွင် မေခလာငွေစု‌ငွေချေးပညာရေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးမင်းဇော်မှ အသင်းဆိုင်ရာကိစ္စရပ်များ ရှေးလုပ်ငန်းစဉ်များကို အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးသန်းဌေးက သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေနှင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်စေရန်လုပ်ဆောင်ရမည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

မေခလာ ငွေစုငွေချေး ပညာရေးသမဝါယမအသင်းမှ အသင်းသား ၃၄၅ ဦး၏ စုဆောင်းငွေအပေါ်ရရှိမည့် အတိုး ၃၀,၀၀၀,၀၀၀ နှင့် အဆုအပေါ် အမြတ် ၁၁၄,၀၀၀ ကျပ်တို့ကို အသင်းသားများအား စနစ်တကျခွဲဝေပေးခဲ့ကြောင်း အဆိုပါ မေခလာ ငွေဆုငွေချေးပညာရေး သမဝါယမအသင်းသည် နှစ်ပေါင်း ၃၁ နှစ်သက်တမ်း ရှိပြီဖြစ်ကြာင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق