စစ်ကိုင်းမြို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း ‌ဟောပြောပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းမြို့တွင် စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း ‌ဟောပြောပွဲကျင်းပ



စစ်ကိုင်း  ၊ နိုဝင်ဘာ ၂၅


စစ်ကိုင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ လေးကျွန်းမြေအုဋ်ကျောင်း၊ ပရဟိတပညာရေး အကယ်ဒမီကျောင်း၌ ကျင်းပပြုလုပ်သည်။အခမ်းအနားတွင် စစ်ကိုင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ခင်မြတ်မူမှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက်လာပုံ၊ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများ၊ စားသုံးသူအခွင့်အရေးနှင့် စာသုံးသူများ၏ တာဝန်များ၊ စားသုံးသူအခွင့်အရေး နစ်နာဆုံးရှုံးပါက ဆောင်ရွက်ရမည့်နည်းလမ်းများနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောခဲ့သည်။ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်ရာ ခရိုင်ဦးစီးမှူးမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


နေလင်းအောင်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)