တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကျွန်းစုမြို့၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံများတွင် အရန်အဖြစ် တာဝန်ပေးအပ်မည့်သူများနှင့်တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ကျွန်းစုမြို့၌ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများ၊ မဲရုံများတွင် အရန်အဖြစ် တာဝန်ပေးအပ်မည့်သူများနှင့်တွေ့ဆုံ



ကျွန်းစု  ၊ နိုဝင်ဘာ ၂၇


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်နှင့် အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချိုနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာ ၂၇ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံများတွင် အရန်အဖြစ် တာဝန်ပေးအပ်မည့်သူများအား ကျွန်းစုမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကျွန်းရတနာခန်းမတွင် တွေ့ဆုံသည်။

ဦးစွာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်က ရွေးကောက်ပွဲဖြစ်မြောက်ရေး လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဖြစ်မြောက်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး တိုင်းအုပ်ချုပ်ရေးမှူး ဦးအောင်ချိုက မဲပေးပိုင်ခွင့်ရှိသူများ မဲစာရင်းတွင် မကျန်ရှိစေရေး၊ မြေပြင်ကွင်းဆင်းအသိပေးရန်လိုအပ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူအားလုံး မဲပေးနိုင်ရေး၊ ရွေးကောက်ပွဲကိစ္စရပ်များ ဆောင်ရွက်မှုတွင် အခက်အခဲများ၊ သွားလာရေး အခက်အခဲများ၊ စားစရိတ်များ၊ နေထိုင်ရေးစရိတ်များအား ကူညီဆောင်ရွက်ပေးမည်ဖြစ်ပြီး ပေးအပ်သည့်တာဝန်များအား ကျေပွန်စွာထမ်းဆောင်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက တစ်ဦးချင်းမိတ်ဆက်တင်ပြခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ၊ လမ်းတံတားတည်ဆောက်ရေး၊ စိုက်ပျိုးရေး၊ တရားရေး၊ ပညာရေးကဏ္ဍများ စသည်တို့အား ဆွေးနွေးခဲ့ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထက်မြင့်(ကျွန်းစု)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)