အီးယူရဲ့ ရုရှားအပေါ်ပိတ်ဆို့မှုက မထိရောက်ဘူးလို့ ကန် ဝန်ကြီးပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

အီးယူရဲ့ ရုရှားအပေါ်ပိတ်ဆို့မှုက မထိရောက်ဘူးလို့ ကန် ဝန်ကြီးပြော


နိုဝင်ဘာ - ၂၄ ( တနင်္လာနေ့ ) 

ယူကရိန်းပဋိပက္ခကြောင့် မော်စကိုအပေါ် ဥရောပသမဂ္ဂ (အီးယူ)က ချမှတ်ထားတဲ့ ကန့်သတ်ချက်တွေဟာ ထိရောက်မှု မရှိဘူးလို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ ဘတ်ဆန့် က တနင်္ဂနွေနေ့က NBC သတင်းဌာနနဲ့ လုပ်တဲ့ အင်တာဗျူးမှာ ပြောသွားပါတယ်။ အီးယူက ပိတ်ဆို့မှု ဗျူဟာ တစ်မျိုးတည်းကို ၁၉ ကြိမ်ဆက်တိုက် လုပ်ဆောင်တာကလည်း မဟုတ်သေးကြောင်း နဲ့ အီးယူအရာရှိတွေက စစ်ပွဲအတွက် သူတို့ရဲ့ငွေတွေကို စိုက်ထုတ်ပေးနေတယ် ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ 

ပြီးခဲ့သည့်လက အီးယူသည် ရုရှားအပေါ် ၎င်း၏ ၁၉ ခုမြောက် ပိတ်ဆို့အရေးယူမှု ကိုစတင်ခဲ့ပါတယ်။ ဘဏ်များ၊ ခရစ်ပတိုငွေကြေး ဖလှယ်မှုများ၊ အိန္ဒိယနှင့် တရုတ်စီးပွားရေးလုပ်ငန်းများအပြင် မော်စကိုရဲ့သံတမန်များကို ပါ ပစ်မှတ်ထားပြီးပိတ်ဆို့မှုတွေလုပ်ခဲ့ပါတယ်။ 

အဆိုပါ မဟာဗျူဟာနဲ့ပတ်သက်ပြီး ဟန်ဂေရီ၊ စလိုဗက်ကီးယား အပါအဝင် အဖွဲ့ဝင်နိုင်ငံအချို့နဲ့ သဘောထားကွဲလွဲခဲ့ပြီး အစုအဖွဲ့အတွင်း အကွဲအပြဲများစတင် ဖြစ်ပွားစေခဲ့ပါတယ်။ သဘောထားကွဲလွဲသူတွေက ရုရှားနဲ့ ပတ်သက်ပြီး အီးယူ အရာရှိတွေရဲ့ ချဉ်းကပ်မှုကို ပြန်လည်စဉ်းစားပြီး သံတမန်ရေးရာတွင် ပါဝင်ရန် တိုက်တွန်းခဲ့ပါတယ်။ 

ဘတ်ဆန့်ရဲ့ အဆိုအရ အမေရိကန်သည် ၎င်း၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို မော်စကိုအပေါ် “ဖိအား” ဖြင့် ပေါင်းစပ်ထားကြောင်း၊ အီးယူ နိုင်ငံများက အဲ့ဒိကိစ္စနှင့် ပတ်သက်ရင် “တကယ့်ကို နောက်ကျကျန်နေသူများ” ဖြစ်ကြောင်း နဲ့ ရုရှားဆန့်ကျင်ရေးလုပ်ဖို့ ပိတ်ဆို့အရေးယူမှု လုပ်ဖို့ အမြဲစဉ်းစားနေတဲ့ အီးယူအရာရှိတွေကို အမေရိကန်ဘက်က အသိပေးခဲ့ကြောင်း သိရပါတယ်။ 

ယခုသီတင်းပတ်အစောပိုင်းကလည်း အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်ကလည်း အီးယူခေါင်းဆောင်တွေ စဉ်းစားနေတာ လက်တွေ့မကျဘူးလို့ ဝေဖန်ထားတာရှိပါတယ်။ ယူကရိန်းကို ပိုက်ဆံတွေထုတ်ပေး၊ လက်နက်တွေပေး ပြီးတော့ ရုရှားကို ပိတ်ဆို့မှုလုပ်ရုံနဲ့ စစ်ပွဲက မနိုင်လောက်ဘူးလို့ ပြောသွားပါတယ်။ 

ယူကရိန်းနဲ့ သူ့ရဲ့ ကျောထောက်နောက်ခံတွေ တောင်းဆိုမှုအရ အမေရိကန်က ရုရှား ရေနံကုမ္ပဏီကြီးတွေဖြစ်တဲ့ လက်အွိုင် နဲ့ ရော့စ်နက်ဖ် ကို အမည်ပျက်စာရင်းသွင်းခဲ့ပေမဲ့ ထိရောက်မှုမရှိဘူးဆိုတာကို  အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို က ဝန်ခံခဲ့ပါတယ်။ 


REF: RT

#News #International

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)