Pages

Pages

၉ / ၁၁ အကြမ်းဖက်မှုမှာ ကျနော်မပါဘူးလို့ ဆီးရီးယား သမ္မတ ပြော


နိုဝင်ဘာ - ၁၁ (အင်္ဂါနေ့ ) 

ပြီးခဲ့တဲ့ သီတင်းပတ်က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ “ကမ္ဘာ့ အကြမ်းဖက်” စာရင်းမှ ဖယ်ရှားခံရပြီဖြစ်တဲ့ ဆီးရီးယား သမ္မတ  အယ်လ်ရှာရာက တနင်္လာနေ့တွင် အိမ်ဖြူတော်၌ သမ္မတဒေါ်နယ်ထရမ့်နဲ့ တွေ့ဆုံခဲ့ပါတယ်။ သူက  အစိုးရဆန့်ကျင်ရေးတပ်ဖွဲ့များကို ဦးဆောင်ကာ အစ္စလာမ္မစ်အဖွဲ့ ဟေယက်တာရာအယ်လ်ရှမ်အဖွဲ့ (HTS) ကို ဦးဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှာ ဒမတ်စကတ်ကို သိမ်းပိုက်ခဲ့ပါတယ်။ 

ထရမ့် နဲ့တွေ့ဆုံပြီး နောက် Fox News သတင်းဌာန နဲ့ စကားပြောဆိုရာမှာ အယ်လ်ရှာရာက “ ဂျီဟတ်ဝါဒီတစ်ယောက်ဖြစ်ခဲ့တယ်ဆိုမှန်ကြောင်း နဲ့ အခုတော့ အဲ့ဒိကိစ္စတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ လို့ပြောသွားပါတယ်။ အမေရိကန်ကမ္ဘာ့ကုန်သွယ်ရေးရုံးကို လေယာဉ် နဲ့ ဝင်တိုက်ခဲ့တဲ့ ၉/ ၁၁ အရေးအခင်းမှာ ပါသလားလို့ သတင်းဌာနက မေးတဲ့နေရာမှာတော့ သူက ပါဝင်ပတ်သက်မှုမရှိပါဘူး လို့ပြောသွားပါတယ်။ 

"အဲ့တုန်းက ကျနော့် အသက်က ၁၉ နှစ်ပဲ ရှိပါသေးတယ်။ အရမ်းငယ်ပါတယ်။ အဲဒီတုန်းက ကျွန်တော့်မှာ ဆုံးဖြတ်ချက်ချနိုင်တဲ့ အခွင့်အာဏာ မရှိပါဘူး။ ကျွန်တော်နဲ့ ဘာမှ မဆိုင်ပါဘူး။ Al-Qaeda အယ်ကေဒါတွေက  အဲဒီတုန်းက ကျနော်တို့ ဒေသမှာ မရှိခဲ့ပါဘူး။ ကျနော့်ကို လူမှားပြီးစွပ်စွဲကြတာပါ" လို့ပြောသွားပါတယ်။  

သူက ပြည်တွင်းစစ်ဒဏ်ခံနေရသော ဆီးရီးယားကို အားလုံးပါဝင်နိုင်တဲ့နိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ကတိပြုခဲ့ပေမဲ့ ဒရူဇီ၊ အာလာဝတီ နဲ့ ခရစ်ယာန် အသိုင်းအဝိုင်းတွေကြားမှာ ဖြစ်နေတဲ့ ဂိုဏ်းဂဏ အကြမ်းဖက်မှုများကြောင့် ၎င်းရဲ့အုပ်ချုပ်မှုကို ပျက်ပြားစေခဲ့ပါတယ်။ 

၎င်း၏ Fox News အင်တာဗျူးတွင် အယ်လ်ရှာရာက က ဆီးရီးယားနဲ့ အမေရိကန်တို့က အကြမ်းဖက်အဖွဲ့ အစ္စလာမ္မစ်နိုင်ငံတော် (IS၊ ယခင်က ISIS) ကို တိုက်ဖျက်ရန် ကြိုးပမ်းမှုများကို ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်တွင် ဆီးရီးယားအနောက်တောင်ပိုင်းကို သိမ်းပိုက်နိုင်စေမည့် အစ္စရေးနှင့် သဘောတူညီချက်တစ်ရပ်ကို စေ့စပ်ညှိနှိုင်းရာတွင် ကူညီပေးနိုင်မည်လို့ ၎င်းက မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق