မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်ကို အဖျက်သမားများက မီးရှို့ဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းများ၏ ဆိုင်းဘုတ်ကို အဖျက်သမားများက မီးရှို့ဖျက်ဆီး


ရန်ကုန်၊ နိုဝင်ဘာ ၁၇

မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီရပ်ကွက်၊ မြို့ပတ်လမ်း၊ အနန်းပင်ဈေးထောင့်တွင် စိုက်ထူထားသည့် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများ၏ ကြော်ငြာဘုတ်အား အဖျက်သမားများက မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။

ယနေ့ ၁၇.၁၁.၂၀၂၅ ရက်နေ့တွင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်များ၏ ကြော်ငြာဘုတ် မီးရှို့ဖျက်ဆီးခံထားရသည်ကို တွေ့မြင်ရကြောင်း မြို့ခံတစ်ဦး က ပေးပို့လာခြင်းဖြစ်သည်။

ရွေးကောက်ခံ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများကို အဖျက်အမှောင့် လုပ်ပါက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေး ရေးဥပဒေ ပုဒ်မ (၂၄) အရ အရေးယူခံရမည်ဖြစ်သည်။


https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)