အလုံ ၊ နို၀င်ဘာ ၂၄
အလုံခရိုင်၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်း၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ အ.ထ.က(၄)ကျောင်း၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများနှင့် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားတွင် Grade-10 ၊ Grade-11 ကျောင်းသား၊ ကျောင်းသူများက “ဘက်စုံပညာကိုရည် တို့လှမ်းချီ” သီချင်းဖြင့် ဖွင့်လှစ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက ဂုဏ်ပြုအမှာစကားပြောကြားပြီးနောက် တာ၀န်ခံ ခရိုင်ပညာရေးမှူး ဒေါ်ခင်ချောစုလှိုင်က အဖွင့်အမှာစကားပြောကြားခြင်း၊ ကျောင်းအုပ်ကြီး ဒေါ်ဆွေဆွေသော်က အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်းနှင့် ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ဗဟိုအဆင့်လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းဂုဏ်ဆောင် ဆုရကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ထူးချွန်ဆုများ အသီးသီးချီးမြှင့်ခြင်း၊ အ.ထ.က(၄)ကျောင်းအုပ်ကြီး ဒေါ်ဆွေဆွေသော်အား Grade-12 ဘာသာစုံဂုဏ်ထူးရှင်၊ ဗဟိုအဆင့်လူရည်ချွန်(၄)ဦးနှင့် ကျောင်းတွင်းဘက်စုံဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်နိုင်မှု ထူးချွန်ဆုနှင့် ဂုဏ်ထူးရရှိအောင် သင်ကြားပေးသော ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်းနှင့် စာမေးပွဲများတွင် All(A)အဆင့်ဖြင့် အောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြပြီး Grade-10 ၊ Grade-11 ကျောင်းသား၊ ကျောင်းသူများက “ဇာတိမာန်” သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၊ တာဝန်ခံ ခရိုင်ပညာရေးမှူး ဒေါ်ခင်ချောစုလှိုင်၊ ကျောင်းအုပ်ကြီး ဒေါ်ဆွေဆွေသော်နှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ၊ ဖိတ်ကြားထားသူများ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ယောဧရာ
https://t.me/MyanmarNationalPost
ليست هناك تعليقات:
إرسال تعليق