ဂါဇာမှာ ကုလငြိမ်းချမ်းရေးတပ်တွေ ထားဖို့ကိစ္စ ပူတင်နဲ့ နေတန်ယာဟု တို့ ဖုန်းဆက်ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါဇာမှာ ကုလငြိမ်းချမ်းရေးတပ်တွေ ထားဖို့ကိစ္စ ပူတင်နဲ့ နေတန်ယာဟု တို့ ဖုန်းဆက်ပြော


နိုဝင်ဘာ ၁၆ ( တနင်္ဂနွေနေ့) 

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုတို့သည် ဂါဇာကမ်းမြောင်ဒေသတွင် ငြိမ်းချမ်းရေးတပ်ဖွဲ့များချထားရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ မဲခွဲပွဲမတိုင်မီ ဖုန်းဖြင့် စကားပြောဆိုခဲ့ကြပါတယ်။ 

အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်း၊ အကျဉ်းသားများ လဲလှယ်ခြင်းဆိုင်ရာကိစ္စရပ်များ နဲ့ ဂါဇာကမ်းမြှောင်တွင် ဖြစ်ပေါ်တိုးတက်မှုများ အပါအဝင် အရှေ့အလယ်ပိုင်းဒေသ အခြေအနေအပေါ် စေ့စေ့စပ်စပ် အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ကရင်မလင်အစိုးရက စနေနေ့တွင် ပြောကြားခဲ့ပါတယ်။  ခေါင်းဆောင်များသည် အီရန်၏ နျူကလီးယား အစီအစဉ်နှင့် ဆီးရီးယားရှိ အခြေအနေများကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ 

နေတန်ယာဟုရုံးကတော့ “ဒေသဆိုင်ရာပြဿနာများ” ကို ဆွေးနွေးခဲ့တယ်လို့ တိုတိုတောင်းတောင်းပဲ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။ 

ယခုလအစောပိုင်းတွင် အမေရိကန်သည် ဂါဇာတွင် နိုင်ငံတကာ တည်ငြိမ်ရေးတပ်ဖွဲ့ (ISF) ကို အနည်းဆုံး နှစ်နှစ်ကြာ တပ်ဖြန့်ခွင့်ပြုရေး ဆုံးဖြတ်ချက်မူကြမ်းကို ထုတ်ပြန်ခဲ့ပြီး အသွင်ကူးပြောင်းရေး အုပ်ချုပ်ရေးအဖွဲ့အဖြစ် ငြိမ်းချမ်းရေးဘုတ်အဖွဲ့ကို တည်ထောင်ရန် တောင်းဆိုခဲ့ပါတယ်။ သောကြာနေ့မှာတော့ အီဂျစ်၊ ဆော်ဒီအာရေးဗီးယား၊ ကာတာ၊ UAE၊ ဂျော်ဒန်၊ တူရကီ ၊ ပါကစ္စတန် နဲ့ အင်ဒိုနီးရှားတို့က အမေရိကန်၏ အဆိုပြုချက်ကို ထောက်ခံတဲ့ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ 

ရုရှားသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ ငြိမ်းချမ်းရေးအစီအစဉ်ကို အကောင်အထည်ဖော်ရန် ရွေးချယ်စရာများ ရေးဆွဲခြင်းဖြင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ တာဝန်ပေးအပ်သည့် အစားထိုးမူကြမ်းကို တင်သွင်းခဲ့ပါတယ်။ 

ရုရှားမစ်ရှင်က အမေရိကန် မူကြမ်းအား တည်ငြိမ်ရေး အင်အားစုအပေါ်  “ကြီးကြပ်ကွပ်ကဲမှုဆိုင်ရာ ကိရိယာများ” ကင်းမဲ့ပြီး နိုင်ငံနှစ်ခု ဖြေရှင်းချက်ကို ဖော်ပြခြင်း မရှိသည့်အတွက် ဝေဖန်ခဲ့ပါတယ်။ “အမှန်တကယ် တန်းတူညီမျှပြီး အားလုံးပါဝင်နိုင်သောချဉ်းကပ်မှု” ကသာ ငြိမ်းချမ်းရေးကို အာမခံနိုင်တယ်လို့ ရုရှားမစ်ရှင်က ပြောကြားခဲ့ပါတယ်။  မူကြမ်းနှစ်ခုလုံးကို တနင်္လာနေ့ (မနက်ဖြန်)မှာ မဲခွဲမယ်လို့ မျှော်လင့်ရပါတယ်။


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)