အုတ်ဖို ၊ နိုဝင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ဒုတိယအကြိမ်ထုတ်ပြန် ကြေညာခြင်းကို နိုဝင်ဘာ ၂၁ ရက်နံနက်ပိုင်းမှစ၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများ၌ ကြောညာထားရာ ယနေ့တွင် ရပ်ကွက်နေပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါမဲဆန္ဒရှင်စာရင်းများ ကြေညာခြင်းကို ဒီဇင်ဘာ ၄ ရက်ထိ ကြေညာသွားမည်ဖြစ်ကြောင်း မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးမည့်စာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် တောင်းဆိုရမည်ဖြစ်ကြောင်း၊ မိမိအမည်၊ မှတ်ပုံတင်အမှတ်၊ အဘအမည်စသည့်အချက်အလက်များ ကွဲလွဲနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ကြရမည်ဖြစ်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် ဌာဆိုင်ရာအဖွဲ့များက ရပ်ကွက်/ကျေးရွာအုပ်စုများ၌ မြန်မာအီလက်ထနောနစ် မဲပေးစက်ဖြင့် စမ်းသပ်ပေးခြင်းကို လက်တွေ့သရုပ်ပြ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
ليست هناك تعليقات:
إرسال تعليق