Pages

Pages

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင် ပြည်သူများစာရင်းအား ရပ်ကွက်၊‌ ကျေးရွာများအလိုက် ကပ်ထားကြေညာထားရှိမှုကို တာ၀န်ရှိသူများမှ ကွင်းဆင်းကြည့်ရှုလျက်ရှိ

 


လှိုင်သာယာ(အရှေ့ပိုင်း)  ၊နို၀င်ဘာ ၂၅


ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင် ပြည်သူများစာရင်းအား ရပ်ကွက်၊‌ ကျေးရွာများအလိုက် ကပ်ထားကြေညာထားရှိမှုကို ယနေ့နံနက်(၉)နာရီ၌ ကစင်ကျေးရွာအုပ်စု၊ ဉာဏ်ချောင်ကျေးရွာ၊ ခရေ (၆) လမ်းရှိ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ တာ၀န်ရှိသူများ လာရောက်ကွင်းဆင်းကြည့်ရှုလျက်ရှိသည်။

အဆိုပါ ကပ်ထားကြေညာရာတွင် ရပ်ကွက်(၉)ရပ်ကွက်နှင့် ကျေးရွာ(၅)ရွာအတွင်းရှိ ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့် ဆုံးရှုံးမှုမရှိစေရေးအတွက် ဒုတိယအကြိမ် မဲစာရင်းများကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြေညာထားလျက်ရှိပြီး မဲဆန္ဒရှင် ပြည်သူများအနေဖြင့် သွားရောက်ကြည့်ရှု၍ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ ကန့်ကွက်လိုလျှင်ပုံစံ(၄) အချက်အအလက်များ မှားယွင်းနေလျှင် ပုံစံ(၄-ဂ) တို့ဖြင့် လျှောက်ထားနိုင်ကြောင်းနှင့် မဲစာရင်းကပ်ထားကြေညာမှုအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက်   မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့၀င်များ၊ အဖွဲ့ဝင်(၂) ဦးထွန်းလွင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမြသောင်းတို့မှ မဲစာရင်းကပ်ထားမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုလျက်ရှိပြီး လိုအပ်သည်များ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ခင်၀င်းမူ

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق