မော်လမြိုင်မြို့နယ်၌ ရပ်ကွက်၊ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ရပ်၊ကျေးလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်မြို့နယ်၌ ရပ်ကွက်၊ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ ရပ်၊ကျေးလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ




မော်လမြိုင်  ၊ နိုဝင်ဘာ ၂၆


မော်လမြိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများအား ရပ်ကွက်၊ ကျေးရွာလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်နွယ်နှင့်အဖွဲ့ဝင် ဦးသန်းဝင်းတို့က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က ရပ်ကွက်၊ ကျေးရွာလုပ်ငန်းလမ်းညွှန်သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်၊ ရပ်ကွက်၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်ချက်များ၊ ရပ်၊ကျေးကော်မရှင်အဖွဲ့ခွဲ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ လိုက်နာ‌‌စောင့်ထိန်းရမည့်ကျင့်ဝတ်များ၊ ရွေးကောက်ပွဲမကျင်းပမီ၊ ကျင်းပဆောင်ရွက်မည့်နေ့ရက်တို့တွင် ဆောင်ရွက်ကြရမည့် လုပ်ငန်းများအကြောင်းတို့ကို ရှင်းလင်း ဆွေးနွေးပြောကြားသည်။

အဆိုပါ သင်တန်းသို့ ရပ်ကွက်၊ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး (၈၄)ဦး တက်ရောက်ကြကြောင်း သိရသည်။


ခင်စန်းမြင့်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)