မိုဒီအတွက် ဝန်ကြီးချုပ်သက်တမ်းနေရာကို ခိုင်မာစေမဲ့ ဘီဟာရွေးကောက်ပွဲမှာ သောင်ပြို ကမ်းပြို နိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုဒီအတွက် ဝန်ကြီးချုပ်သက်တမ်းနေရာကို ခိုင်မာစေမဲ့ ဘီဟာရွေးကောက်ပွဲမှာ သောင်ပြို ကမ်းပြို နိုင်


နိုဝင်ဘာ - ၁၇ ( တနင်္လာနေ့ ) 

အိန္ဒိယရဲ့ လူဦးရေအများဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ဘီဟာက ဒေသဆိုင်ရာရွေးကောက်ပွဲတွင် အာဏာရပါတီ ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့က အများစုအနိုင်ရရှိခဲ့ပြီးနောက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီ သည် ၎င်းရဲ့ နိုင်ငံရေးမဟာမိတ်များအား သောကြာနေ့က ချီးကျုးဂုဏ်ပြုလိုက်ပါတယ်။

မိုဒီ ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDA) က ထိုင်ခုံ ၂၄၃ ခုံရှိတဲ့ ဘီဟာပြည်နယ် လွှတ်တော်မှာ အမတ်နေရာ ၂၀၀ ကျော် အနိုင်ရထားပြီး မဲရေတွက်မှုများ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဘီဟာပြည်နယ်က  လွှတ်တော်အမတ် ၄၀ က အိန္ဒိယနိုင်ငံ အောက်လွှတ်တော်သို့ စေလွှတ်ရတာမို့လို့ အဲ့ဒိရွေးကောက်ပွဲက အလွန်အရေးကြီးပါတယ်။ 

“ဘီဟာကလူတွေက ဖွံ့ဖြိုးတိုးတက်မှုအတွက် မဲပေးခဲ့ကြပါတယ်၊ သူတို့ဟာ မှတ်တမ်းတွေအားလုံးကို ချိုးဖျက်ခဲ့ကြပါတယ်” လို့ နယူးဒေလီရှိ BJPပါတီ ရုံးချုပ်တွင် မိုဒီက ပြောကြားခဲ့ပြီး NDA ညွန့်ပေါင်းအဖွဲ့အား ဂုဏ်ပြုသည့်အနေဖြင့် အိတ်စ်ဆိုရှယ်မီဒီယာ အကောင့်မှာ ၎င်းက “ကောင်းမွန်သောအုပ်ချုပ်ရေး၊” “ဖွံ့ဖြိုးတိုးတက်မှု” နှင့် “လူမှုရေးတရားမျှတမှု” တို့၏အောင်ပွဲဖြစ်ကြောင်း ရေးတင်ခဲ့ပါတယ်။ 

ဘီဟာပြည်နယ်သည် အိန္ဒိယနိုင်ငံရဲ့ အဆင်းရဲဆုံးနှင့် လူဦးရေအထူထပ်ဆုံးပြည်နယ်ဖြစ်ပြီး လူဦးရေ သန်း ၁၃၀ ရှိသည့်အနက် သန်း ၇၀ ကျော်က ရွေးကောက်ပွဲတွင် မဲပေးခဲ့ကြပါတယ်။ ပြည်နယ်မဲဆန္ဒရှင်များရဲ့ ထက်ဝက်နီးပါးမှာ အမျိုးသမီးများဖြစ်ကြပါတယ်။ 

ရွေးကောက်ပွဲသည် ပြည်နယ်သမိုင်းတွင် အမျိုးသမီး မဲပေးသူ အများဆုံး ၇၁.၆ ရာခိုင်နှုန်းအထိ စံချိန်တင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရေးလေ့လာသူတွေက ရွေးကောက်ပွဲမတိုင်မီ အမျိုးသမီး ၂.၅ သန်းအား တစ်ဦးလျှင် ရူပီး ၁၀,၀၀၀ (ဒေါ်လာ ၁၁၂) ထုတ်ပေးမယ်ဆိုပြီး အတိုက်အခံတွေက ထောက်ခံမဲအတွက် မက်လုံးပေးခဲ့တယ်လို့ ဆိုပါတယ်။


REF: RT

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)