မှော်ဘီ ၊ နိုဝင်ဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများ၌ နိုဝင်ဘာလ ၂၂ ရက်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဝင်းမြတ်ဆွေဦးစီးဦးဆောင်၍ မှော်ဘီမြို့နယ်၊ ရပ်ကွက်ကျေးရွာများအတွင်း နေထိုင်ကြသော အများပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်(၃)ဖြင့် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ပန်းခင်းစီမံချက်(၃)ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ဒုလဝကမှူး ဦးရမ်ဇအုပ်နှင့်အဖွဲ့မှ မှော်ဘီအင်ကြင်းကုန်းကျေးရွာအုပ်စုသို့လည်းကောင်း၊ ဒုလဝကမှူး ဦးဆွေလှိုင်ဝင်းနှင့်အဖွဲ့မှ မှော်ဘီမြောင်းတကာကျေးရွာအုပ်စုတွင်လည်းကောင်း၊ ဒုလဝကမှူး ဒေါ်ဝေသူဟန်တို့အဖွဲ့မှ မှော်ဘီရွှေမြယာရပ်ကွက်အတွင်း နေထိုင်ကြသော မြန်မာတိုင်းရင်းသားလူမျိုးနွယ်စုများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပြီး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ရပ်ကွက်ကြီး(၄)ရပ်ကွက်၊ ကျေးရွာအုပ်စု(၄၃)အုပ်စုရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် မှော်ဘီမြို့နယ်အတွင်းရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းကို ပန်းခင်းစီမံချက်အဆင့်(၁)နှင့်(၂)တို့တွင် ရာခိုင်နှုန်းပြည့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခုအခါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မြို့နယ်အတွင်းရှိ အသက်(၁၆)နှစ်နှင့်အထက် တိုင်းရင်းသားပြည်သူများကို နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများအား မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
ဝင်းဇော်
https://t.me/MyanmarNationalPost
ليست هناك تعليقات:
إرسال تعليق