ချင်းမိုင်၊ နိုဝင်ဘာ ၂၈
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ ဝပ်ဆွန်ဒေါ့ကျောင်းတိုက်အတွင်း ထိုင်းဘုရင့်နိုင်ငံအစိုးရက ဖွင့်လှစ် ထားရှိသော မဟာချူလာလောင်ကွန်တက္ကသိုလ်သို့ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်၊ ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထေရဝါဒဗုဒ္ဓသာသနာတော်စည်ပင်ပြန့်ပွားရန် ရည်ရွယ်ချက် ဖြင့် လှူဒါန်းသည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်သုံးပုံ (ပါဠိ(မြန်မာ)-ရိုမန်) ၅၃ ကျမ်း (စာအုပ်ရေ ၄၀)ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကောင်စစ်ဝန်ချုပ်ရုံး၊ ချင်းမိုင်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမင်းကျော်လင်းက ၂၇-၁၁-၂၀၂၅ ရက်တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ထိုင်းနိုင်ငံ၊ မဟာချူလာလောင်ကွန်တက္ကသိုလ် (ချင်းမိုင်မြို့)၏ အကြီးအကဲ တွဲဖက်ပါမောက္ခ ဆရာတော် Dr.Phra Suthiwacharabundit နှင့် ချင်းမိုင်မြို့၊ ဝပ်ဆိုင်းမွန်းမြန်မာကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ ဒေါက်တာ အရှင် ကောဏ္ဍည မထေရ်မြတ် တို့အမှူးရှိသော သံဃာတော် ၁၁ ပါး၊ မဟာချူလာလောင်ကွန်တက္ကသိုလ် (ချင်းမိုင်မြို့)ရှိ ဌာနအသီးသီးမှ ပါမောက္ခ (ဌာနမှူး)များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ဝန်ထမ်းများနှင့် ချင်းမိုင်မြို့၊ မြန်မာအသိုက်အဝန်းမှ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
မဟာချူလာလောင်ကွန်တက္ကသိုလ်သည် ၁၈၈၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၁၈၈၉ ခုနှစ်တွင် စာပေသင်ကြားပို့ချမှုများ စတင်ဆောင်ရွက်ခဲ့သဖြင့် ထိုင်းနိုင်ငံ၌ ထေရဝါဒဗုဒ္ဓစာပေ သင်ကြားပို့ချလျက်ရှိသော သက်တမ်းအရင့်ဆုံးတက္ကသိုလ်ကြီးဖြစ်၍ သံဃာတော်များအတွက် သာမက ဗုဒ္ဓစာပေများကို လေ့လာသင်ကြားလျက်ရှိသော လူပုဂ္ဂိုလ်များအတွက်ပါ အကျိုးကျေးဇူး ပွားများစေမည်ဖြစ်သည့်အတွက် မဟာချူလာလောင်ကွန်တက္ကသိုလ်သို့ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ် သုံးပုံ (ပါဠိ(မြန်မာ)-ရိုမန်) ကျမ်း ၅၃ ကျမ်း (စာအုပ်ရေ ၄၀) ကို လှူဒါန်းရခြင်းဖြစ်ကြောင်း သိရသည်။
#News #Thailand



ليست هناك تعليقات:
إرسال تعليق