စစ်ကိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများ မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ









စစ်ကိုင်း၊ နိုဝင်ဘာ ၂၅

စစ်ကိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းများဖြစ်ကြသည့် ဦးသက်ပုံ (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း)၊ ဦးဝင်းတင့် (အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်း)၊ ဦးမင်းမင်းဇေယျာမြင့် (တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း)၊  ဦးသော်နိုင်ဦး (တိုင်းဒေသကြီးလွှ‌တ်‌တော်ကိုယ်စားလှယ်လောင်း PR) တို့သည် ယမန်နေ့က စစ်ကိုင်းမြို့ မိုးဇာရပ်ကွက် မြို့မဈေးကြီး သို့သွားရောက်၍ မဲဆန္ဒရှင်ပြည်သူများ ဈေးဆိုင်ပိုင်ရှင်များ၊ ဈေးသူဈေးသားများနှင့် တွေ့ဆုံခဲ့သည်။

ကိုယ်စားလှယ်လောင်း မိတ်ဆက်လွှာများ တစ်ဆိုင်ဝင်တစ်ဆိုင် ပေးအပ်ပြီး ပြည်သူများနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်ခဲ့သည်။ 

နေ့လည်ပိုင်းတွင် စစ်ကိုင်းမြို့ နီလာရပ်ကွက်ရှိ မဲဆန္ဒရှင်များအား သွားရောက်တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်များ ရှင်းလင်းဆွေးနွေးပြောကြားသည်။ နီလာရပ်ကွက်နေ ပြည်သူများ၏ အခက်အခဲ ဆွေးနွေးချက်များအား လိုက်လံကြည်ရှု့ခဲ့ပြီး ဆောင်ရွက်သင့်သည်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


#News #2025Election

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)