ကယားပြည်နယ်ဝန်ကြီးချုပ် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အနွေးဝတ်စုံများချီးမြှင့်ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အနွေးဝတ်စုံများချီးမြှင့်ပေးအပ်




လွိုင်ကော်     ၊  နိုဝင်ဘာ        ၂၆


ကယားပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်အတွင်းရှိ ဝန်ထမ်းများသက်သာချောင်ချိရေး၊ နေထိုင်စားသောက်မှု အဆင်ပြေစေရေးနှင့် လုပ်ငန်းတာဝန်များ အောင်မြင်စွာထမ်းဆောင်နိုင်ရေး  အဖက်ဖက်မှ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ လွိုင်ကော်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကယားပြည်နယ်အတွင်းရှိ ခရိုင်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အနွေးဝတ်စုံများချီးမြှင့်ပေးအပ်သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများသည် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ရေးအတွက် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေသူများဖြစ်ရာ ဌာန၏ရည်မှန်းချက်လုပ်ငန်းတာဝန်များ အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏အလုပ်အပေါ် ဂုဏ်ယူစွာထမ်းဆောင်ကြရန်လိုအပ်ပြီး ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့ ဆက်ဆံရသည့် ဌာနဖြစ်၍ ပြည်သူသို့ ဝန်ဆောင်မှုပေးရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ ကူညီဆောင်ရွက်ပေးကြရန် ဖြစ်ပါကြောင်း၊ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ စံနမူနာပြဖြစ်အောင် ပြုမူပြောဆိုနေထိုင်ပြီး နိုင်ငံ့ဝန်ထမ်းကောင်း၊ ပြည်သူ့ဝန်ထမ်း ကောင်းများဖြစ်အောင် ကျင့်ကြံကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုခရိုင်၊ ဘောလခဲခရိုင်နှင့် လွိုင်ကော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအတွက် ဝတ်စုံများပေးအပ်ရာ တာဝန်ရှိသူက လက်ခံရယူကြသည်။

ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ရှားတော၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲ၊ ဖားဆောင်းမြို့နယ်နှင့် လွိုင်လင်လေး၊ လောပိတ၊ နမ်းမယ်ခုံမြို့ရုံး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအတွက် ဝတ်စုံများ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)