Pages

Pages

သရက်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြ အသိပညာပေး





သရက်၊ နိုဝင်ဘာ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းနှင့် အသိပညာပေးရှင်လင်းခြင်းကို နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ် ၁၂ ကာကွယ်ရေးပစ္စည်းစက်ရုံ၊ အနော်ရထာခန်းမတွင် ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသန့်ဇင်မင်းက မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို မဲပေးကြမည့် တပ်မတော်သားများနှင့် မိသားစုဝင်များအား စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးရည်ရွယ်၍ အသိပညာပေးဆောင်ရွက်ရခြင်းဖြစ် ကြောင်း၊ မြန်မာအီလက်ထ ရောနစ်မဲပေးစက် MEVMအကြောင်းသိကောင်းစရာများ၊ ၎င်းစက်အသုံးပြု၍ မဲပေးခြင်းနှင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက်တက်ရောက်လာကြသည့် တပ်မတော်သားများနှင့် မိသားစုဝင်များအား မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM အသုံးပြု၍ လက်တွေ့စမ်းသပ်မဲပေးခြင်း၊ မဲပေးစက်မှထုတ်ပေးသည့် မဲရလဒ်စာရွက်နှင့် မဲပုံးအတွင်းရှိ မဲလက်မှတ်များကို တိုက်ဆိုင်စစ်ဆေးပြီး မဲရလဒ်မှန်၊ မမှန် စိစစ်ခြင်းစသည့် မဲပေးပုံ အဆင့်ဆင့်ကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မောင်လုလင်(သရက်)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق