စင်ပြိုင်အစိုးရကို လက်မခံနိုင်လို့ ပိတ်ဆို့ထားတာလို့ အီးယူဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

စင်ပြိုင်အစိုးရကို လက်မခံနိုင်လို့ ပိတ်ဆို့ထားတာလို့ အီးယူဆို


နိုဝင်ဘာ ၂၁ - ( သောကြာနေ့ ) 

ဆူဒန်ပြည်တွင်းစစ်မှာ ကုလသမဂ္ဂထောက်ခံထားတဲ့ အစိုးရရဲ့စစ်တပ် SAF နဲ့ ပြည်တွင်းက အရန်လက်နက်ကိုင် တပ်ဖွဲ့ RSF တို့ကြားမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြီးက ကြာနေတာကြောင့် ဥရောပသမဂ္ဂက လက်ရှိမှာ RSF ရဲ့ ဒုခေါင်းဆောင် ကို ပိတ်ဆို့အရေးယူမှုတွေ စတင်လိုက်ပါတယ်။ 

RSF က ၂၀၂၃ ခုနှစ် ဧပြီလ ၂၅ ရက်နေ့လောက်မှာ ထိုးစစ်တစ်ရပ်ကို ဆင်နွဲပြီး SAF ထိန်းချုပ်မြို့များကို တိုက်ခိုက်သိမ်းပိုက်နေပါတယ်။ နှစ်ဖက်စလုံးက စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများကို ကျူးလွန်သည်ဟု စွပ်စွဲခံထားရပေမဲ့ RSF ကတော့ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ကျူးလွန်နေတယ်ဆိုပြီး ထပ်ဆောင်း စွပ်စွဲခံထားရပါတယ်။ 

RSF ခေါင်းဆောင် မိုဟာမက် ဟမ်ဒန်ဒါဂါလို ညီဖြစ်သူ အက်ဘ်ဒယ်ရာဟင် ဟမ်ဒန်ဒါဂါလို က RSF မှာ ဒုခေါင်းဆောင်ရာထူးကို တာဝန်ယူထားပါတယ်။ အီးယူ နိုင်ငံခြားရေးဝန်ကြီး ကာဂျာ ကော်လက်က အက်ဘ်ဒယ်ရာဟင်ကို  ဆူဒန်မြောက်ပိုင်းမြို့တော် ဒါဖာမြို့ရှိ အယ်ဖာဆာဒေသကို သိမ်းယူပြီးနောက်ပိုင်းတွင် ပိတ်ဆို့အရေးယူမှုများလုပ်ကြောင်း ကြေငြာခဲ့ပါတယ်။  ဆူဒန်တွင် RSF မှ ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုများကိုလည်း ရှုတ်ချကြောင်း ကြေငြာခဲ့ပါတယ်။ 

သူမက “အရပ်သားတွေကို တမင်ပစ်မှတ်ထားပြီး လူမျိုးရေးအရ သတ်ဖြတ်တာ၊ စနစ်တကျ လိင်နဲ့ ကျားမအခြေပြု အကြမ်းဖက်မှုတွေ၊ ငတ်မွတ်ခေါင်းပါးမှု၊ စစ်မက်ဖြစ်ပွားမှုနဲ့ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေကို ရယူခွင့်ကို ငြင်းပယ်တာဟာ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေကို ပြင်းပြင်းထန်ထန် ချိုးဖောက်တာဖြစ်တယ်” လို့ ဆိုပါတယ်။ 

"ဆူဒန်ကို မတည်မငြိမ်ဖြစ်စေရန် နဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ဟန့်တားရန်အတွက် တာဝန်ရှိတဲ့ ဘယ်သူမဆိုကို နောက်ထပ်ပိတ်ဆို့မှုတွေ ထပ်လုပ်သွားဖို့ရာ အီးယူက အသင့်ရှိနေပါတယ်"လို့လည်း ပြောပါတယ်။ 

တကယ်တော့ RSF က SAF လက်အောက်ရှိ အင်အားများတဲ့ အမှီအခိုကင်းသော အရံတပ်ဖွဲ့ဖြစ်ပြီး ၂၀၁၉ ခုနှစ် အရပ်သားကျောထောက်နောက်ခံပြု အာဏာသိမ်းမှုမှာ ပါဝင်ခဲ့ပြီး နိုင်ငံရဲ့ နှစ်သုံးဆယ်ကျော်အာဏာရှင်ကို အတူတကွ ဖြုတ်ချခဲ့ပါတယ်။ ဆူဒန်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းမှုက ပြင်းထန်တဲ့တိုက်ပွဲများအဖြစ်သို့ ၂၀၂၃ မှာ ပြောင်းလဲသွားပြီး ပြည်တွင်းစစ်ဖြစ်ခဲ့ရပါတယ်။ ကုလသမဂ္ဂ စာရင်းဇယားများအရ ဆူဒန်တွင် တိုက်ပွဲများကြောင့် လူ ၁၂ သန်းခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး သေဆုံးသူ အရေအတွက်ကို မသိရသေးသော်လည်း ခန့်မှန်းခြေသေဆုံးမှုက နေ့စဉ် ရာနှင့်ချီ၍ မြင့်တက်လာနေတယ်လို့ သိရပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)