မိုင်းခုတ် ၊ နိုဝင်ဘာ ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို အမှတ်(၁)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)၊(၂)၊တို့တွင်လည်းကောင်း အမှတ်(၂)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)၊(၂)တို့တွင်လည်းကောင်း၊ အမှတ်(၃)ရပ်ကွက်ရှိ မဲရုံအမှတ်(၁)(၂)တို့တွင်လည်းကောင်းစသည်ဖြင့် ဒုတိယအကြိမ် ကပ်ထားကြေညာလျက်ရှိသည်။
မိုင်းခုတ်မြို့အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန် (ဒုတိအကြိမ်) ကပ်ထားကြေညာခြင်းကို မြို့ပေါ်(၃)ရပ်ကွက်တို့တွင် (၂၁-၁၁-၂၀၂၅) ရက်နေ့မှ စ၍ (၄ -၁၂-၂၀၂၅)ရက်နေ့အထိ ကပ်ထားကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်သန္တာအောင်
https://t.me/MyanmarNationalPost
ليست هناك تعليقات:
إرسال تعليق