တာမွေမြို့နယ်၌ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

Uploading: 743424 of 963480 bytes uploaded.



တာမွေ  ၊ နိုဝင်ဘာ ၁၄


ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို နိုဝင်ဘာလ ၁၂ ရက်နံနက်ပိုင်းအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ ပူးပေါင်း၍ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲယာယီရုံးခန်းမ၌ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ဆောင်ရွက်ရာတွင် တာမွေမြို့နယ်အတွင်း ဒုတိယအကြိမ် ကပ်ထားကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များပူးပေါင်း၍ ဒုတိယအကြိမ်ကပ်ထားကြေညာမည့် မဲစာရင်းတွင် ဆန္ဒမဲ‌ပေးပိုင်ခွင့်ရှိသူများ၏ အမည်ပါ/မပါ တိုက်ဆိုင်စိစစ်ခြင်း၊ ပြင်ဆင်ဖြည့်စွက်ခြင်း၊ အတည်ပြုခြင်း၊ မဲစာရင်းတွင်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နေ့ချင်းအပြီး ဆောင်ရွက်ပေးခြင်းတို့ကို မြေပြင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

တာမွေမြို့နယ်အတွင်း ဒုတိယအကြိမ်ကပ်ထားကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်နေမှု အခြေအနေများအား သင်္ဃန်းကျွန်းခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးထိုက်က လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ စိတ်ပါဝင်စားစွာဖြင့် ဆန္ဒမဲပေးနိုင်ရေး လှည့်လည်နှိုးဆော်ခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းလာရောက်ကြည့်ရှုရာ၌ အဆင်ပြေချောမွေ့စွာ ကြည့်ရှုနိုင်စေ‌ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်း ကူညီဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်ရှိ ရပ်ကွက်(၂၀)တွင် မဲရုံပေါင်း(၅၄)ရုံရှိပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်ပြည်သူများ၏ အမည်စာရင်းများကို ၂၀၂၅-ခုနှစ် နိုဝင်ဘာလ(၁၅)ရက်နေ့မှ နိုဝင်ဘာလ (၂၈)ရက်နေ့အထိ (၁၄)ရက်ကြာ ကပ်ထားကြေညာသွားမည်ဖြစ်ရာ မြို့နယ်အတွင်း အသက်(၁၈)နှစ်နှင့်အထက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူဦးရေ (၉၀၇၁၀) ဦးအထိ ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)