စကုမြို့၌ အသက်(၂၅)နှစ်နှင့်အောက် အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

စကုမြို့၌ အသက်(၂၅)နှစ်နှင့်အောက် အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ




မင်းဘူး ၊  နိုဝင်ဘာ ၂၇


မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ စကုမြို့၌ စိတ်ဓာတ်၊ စည်းကမ်းပြည့်ဝသော အနာဂါတ်လူငယ် အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ စကုမြို့ အားကစားကော်မတီနှင့် Sagu Net တို့ ပူးပေါင်းကျင်းပသော ၂၀၂၅ ခုနှစ် မြို့အုပ်ချုပ်ရေးမှူးဖလား(Sagu Net Cap) အသက်(၂၅)နှစ်နှင့်အောက် အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က စကုမြို့မအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ဖွင့်ပွဲအခမ်းအနားတွင် မင်းဘူးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအေးလွင်က အဖွင့်အမှာစကားပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နှင်းယုဇံက စကုမြို့အားကစားကော်မတီအတွက် ပံ့ပိုးငွေများပေးအပ်ကာ တက်ရောက်လာကြသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများက အားကစားအဓိဌာန်ရွတ်ဆိုခဲ့ပြီးနောက် အားကစားပြိုင်ပွဲကို စတင်ဖွင့်လှစ်ခဲ့သည်။

စကုမြို့ အားကစားကော်မတီနှင့် Sagu Net တို့ ပူးပေါင်းကျင်းပသော ၂၀၂၅ ခုနှစ်၊ မြို့အုပ်ချုပ်ရေးမှူးဖလား(Sagu Net Cap) အသက်(၂၅)နှစ်နှင့်အောက် အမျိုးသမီးဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ဘုရားရွာ၊ စကုအမှတ်(၃)၊ အ.ထ.က(စကု)၊ အ.ထ.က(ခွဲ)ရေပုတ်နှင့် အ.ထ.က(ခွဲ)ကျွဲတဲ အသင်း(၅)သင်းတို့က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း၊ အုပ်စုပတ်လည်ပွဲစဉ်များကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကာ ဖိုင်နယ်ဗိုလ်လုပွဲစဉ်နှင့် ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် ဘုရားရွာအသင်းနှင့် အ.ထ.က(စကု)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ (၀-၀) ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ကြောင်း၊ အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို မင်းဘူးခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ၊ မြို့ဖများ၊ စကုမြို့အားကစားကော်မတီအဖွဲ့ဝင်များ၊ စကုမြို့ဒေသခံများနှင့် ဘောလုံးအားကစားဝါသနာရှင်ပရိတ်သတ်များက တစ်ခဲနက်အေးချမ်းပျော်ရွှင်စွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)