Pages

Pages

မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီး၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပမည်



မြောက်ဥက္ကလာပ၊ နိုဝင်ဘာ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ ဆုတောင်းပြည့်မယ်လမုစေတီတော်ကြီး၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ တော်ကြီး ကိုစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ မှ ကြီးမှူး၍ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ် ကြောင်းသိရသည်။

အဆိုပါ ဆုတောင်းပြည့်‌မယ်လမုစေတီတော်ကြီး၏ (၅၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ၂၀၂၅ ခုနှစ်  ၊ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ဗုဒ္ဓဘိသေက အနေကဇာတင်ကာ မဟာပဌာန်းကျမ်းမြတ်အား ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီ ၁ ရက်နေ့ထိ ရွတ်ဖတ်ပူဇော်မည်ဖြစ်ပြီး၊ ၂၀၂၆ ခုနှစ် ၊ ဇန်နဝါရီလ ၂ ရက်နေ့တွင် ဘုရားအမှူးရှိ သော သံဃာတော် အရှင်သူမြတ် ၁၀၉ ပါးအား ဆွမ်းဆန်စိမ်း လောင်းလှူမည်ဖြစ်ရာ ပွဲတော်ကာလ အနေဖြင့် (၂-၁-၂၀၂၆)ရက် နေ့မှ (၁၂-၁-၂၀၂၆)ရက်နေ့ထိ ဆယ်ရက်တိုင်တိုင် အစဉ်အလာမပျက် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ဆုတောင်းပြည့်စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ ထံမှ သိရသည်။


သက်လွင်စိုး 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق