ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)သို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား အမှာစကားပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)သို့ တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား အမှာစကားပြောကြား




ပုသိမ်  ၊ နိုဝင်ဘာ ၁၄


 ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့ ၅ နှစ်သင်တန်း အမှတ်စဉ် (၁၃)နှင့် ပြည်ထောင်စု တိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း)တို့၏ ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI ဒီပလိုမာ ပထမနှစ် သင်တန်းများသို့တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ အမှာစကားပြောကြားခြင်း အခမ်းအနားကို ယမန်နေ့ညပိုင်းက  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

 ဦးစွာကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်းမိတ်ဆက်တင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြားမည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်(စစ်ကိုင်း)၏ ပညာရေးဘွဲ့ (၅)နှစ်သင်တန်းအမှတ်စဉ် (၁၃)နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း) တို့၏ ဝိဇ္ဇာ၊ သိပ္ပံ၊ AGTI ပထမနှစ်သင်တန်းများသို့ တက်ရောက်ရန်အတွက် မောင်မယ်များအား စနစ်တကျစိစစ်ရွေးချယ်ခဲ့ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေး ဒီဂရီကောလိပ်များတွင် သွားရောက် ပညာသင်ကြားဆည်းပူးခွင့်ရသည့်သူများအနေဖြင့် တစ်နိုင်ငံလုံးရှိ တိုင်းရင်းသားလူမျိုးများနှင့် တွေ့ဆုံရမည်ဖြစ်၍ ဆက်ဆံရေးကောင်းမွန်မှု၊ ဖော်ရွေပျုငှာမှု၊ ကူညီရိုင်းပင်းမှုများဖြင့် မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုမြှင့်တင်ကြရန်၊ မိမိတို့တိုင်းဒေသကြီး၏ ဒေသဆိုင်ရာအချက် အလက်များကိုသိရှိပြီး အချင်းချင်းဆွေးနွေးဖလှယ်နိုင်ကြမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ပညာသင်ယူ ကြရမည့် တက္ကသိုလ်၊ ကောလိပ်တို့သို့ရောက်သည့်အခါ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ဆရာ၊ ဆရာမများ၏ ပြောဆိုဆုံးမဩဝါဒစကားကို မြေဝယ်မကျ နားထောင်ကြရန်လိုပါကြောင်း၊ မိမိတို့၏ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်အောင် ကြိုးစားရွက်ဆောင်ကြရန်နှင့် နိုင်ငံတော်၏ သားကောင်း၊ သမီးကောင်းရတနာများဖြစ်အောင် ကြိုးစားလေ့လာသင်ယူကြစေလိုကြောင်း” အမှာစကားများ ပြောကြားသည်။ 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ချီးမြှင့်ငွေများကို ပေးအပ်ရာကျောင်းသား၊ ကျောင်းသူများက လက်ခံရယူခဲ့ပြီး ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ဖွင့်လှစ်သင်ကြား မည့် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် (စစ်ကိုင်း)၏ ပညာရေးဘွဲ့ (၅)နှစ်သင်တန်းအမှတ်စဉ် ( ၁၃ ) တက်ရောက်မည့်သူ( ၈) ဦးနှင့် ပြည်ထောင်စု တိုင်းရင်းသား လူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (ရန်ကုန်၊စစ်ကိုင်း)တို့၏  ဝိဇ္ဇာ ၊ သိပ္ပံ ၊ AGTI ဒီပလိုမာ ပထမနှစ်သင်တန်းများသို့ တက်ရောက်မည့်သူ (၂၄) ဦး စုစုပေါင်း (၃၂) ဦး တက်ရောက်ကြမည် ဖြစ်ကြောင်းသိရသည်။


လှမင်းထွဋ်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)