ကွန်ဟိန်းမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းပြည့်စုံမှန်ကန်စေရေး မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမဖြစ်ပေါ်စေရေးအတွက် တိုက်ဆိုင်စိစစ်ခြင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွန်ဟိန်းမြို့၌ ဒုတိယအကြိမ် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းပြည့်စုံမှန်ကန်စေရေး မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမဖြစ်ပေါ်စေရေးအတွက် တိုက်ဆိုင်စိစစ်ခြင်း ဆောင်ရွက်

 




ကွန်ဟိန်း   ၊ နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းပြည့်စုံမှန်ကန်စေရေး မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမဖြစ်ပေါ်စေရေးအတွက် တိုက်ဆိုင်စိစစ်ခြင်းကို ယမန်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ မဲဆန္ဒရှင်စာရင်းများ ပြန်လည်စစ်ဆေး ဆောင်ရွက်ရာတွင် ကွန်ဟိန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများ၏ မဲစာရင်းများ မှန်ကန်စေရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်/ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့်  သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ ပါဝင်သော စိစစ်ရေးအဖွဲ့တို့မှ မဲစာရင်းပြည့်စုံမှန်ကန်စေရေး မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမဖြစ်ပေါ်စေရေးအတွက် ပေါင်းစပ်ညှိနှိုင်း၍ စိစစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)