တနင်္သာရီမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရှိ ကျောင်းများတွင် တက်ရောက်ကြမည့်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရှိ ကျောင်းများတွင် တက်ရောက်ကြမည့်တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေး



တနင်္သာရီ  ၊ နိုဝင်ဘာ ၁၉


တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် နေထိုင်ကြပြီး မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒနယ်ပြင်ပသို့သွားရောက်၍ ကျောင်းတက်ကြမည့် တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများသည် မိမိတို့၏မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် ယမန်နေ့နေ့လယ်ပိုင်းက ချောင်းကြီး ရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကြိုတင်ဆန္ဒမဲပေးလျက်ရှိကြောင်း သိရသည်။

တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများအနေဖြင့် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့်သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့် အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲလက်မှတ်များ ထုတ်ယူနိုင်ပြီး မိမိဆန္ဒအလျောက်နှစ်သက်သည့် ကိုယ်စားလှယ်လောင်းကိုလျှို့ဝှက်ဆန္ဒပြုခန်း၌ဆန္ဒမဲပေး၍ မဲပုံးများတွင် ကြိုတင်ဆန္ဒမဲ ပေးလျက်ရှိသည်။

မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား/ကျောင်းသူများအနက် ရွေးကောက်ပွဲ စတင်ကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်တွင် အသက်(၁၈)နှစ်ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာကျောင်းများသို့ မသွားရောက်မီ မိမိတို့၏ မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင် မိမိတို့ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိပေးကြေညာ ထားကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တက္ကသိုလ် ကျောင်းသား/ ကျောင်းသူများ ကြိုတင်ဆန္ဒမဲပေးခြင်းကို နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ကြိုတင်ဆန္ဒမဲပေးနေမှုကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုအားပေးကြကြောင်း သိရှိရသည်။


သီသီခိုင်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)