ကြာအင်းဆိပ်ကြီးမြို့တွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက်မြေပြင်ကွင်းဆင်းစိစစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကြာအင်းဆိပ်ကြီးမြို့တွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများမဲပေးခွင့်မဆုံးရှုံးစေရေးနှင့် မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက်မြေပြင်ကွင်းဆင်းစိစစ်



ကြာအင်းဆိပ်ကြီး  ၊ နိုဝင်ဘာ ၂၉


ကရင်ပြည်နယ်  ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးခွင့်မဆုံးရှုံးစေရေးနှင့်မဲစာရင်းများပြည့်စုံမှန်ကန်စေရေးတို့အတွက် မြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များမှ ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ တစ်အိမ်တက်ဆင်းအိမ်တိုင်ရာရောက်စနစ်ဖြင့် စာရင်းတိုက်ဆိုင်စစ်ဆေးစိစစ်ကြကြောင်းသိရသည်။

အဆိုပါမြေပြင်ကွင်းဆင်းစိစစ်ရေးအဖွဲ့များသည် ကြာအင်းဆိပ်ကြီး မြို့ပေါ်(၆)ရပ်ကွက်သို့ တစ်အိမ်တက်ဆင်းစိစစ်ဆောင်ရွက်ကြပြီး ကွင်းဆင်းစိစစ်မှုကို စစ်ဗျူဟာမှူး စစ်ဗျူဟာအဖွဲ့(အခြေချ)နှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လိုက်လံစစ်ဆေးဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)