Pages

Pages

ကွမ်းခြံကုန်းမြို့နယ် နေရပ်စွန့်ခွာပြည်သူများအား ကြိုတင်မဲပေးခြင်း ဆောင်ရွက်

 



ကွမ်းခြံကုန်း  ၊  နိုဝင်ဘာ ၂၇


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် မြို့နယ်ကော်မရှင်ရုံး၌ နေရပ်စွန့်ခွာ ပြည်သူများအား ကြိုတင်မဲပေးခြင်းကို ယမန်နေ့က ပြုလုပ်ဆာင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦး‌အောင်ချစ်က ရွေးကောက်ပွဲဆိုင်ရာ ကြိုတင်ဆန္ဒမဲပေးခြင်းအား ရှင်းလင်းဆွေးနွေးခြင်း၊ မြို့နယ်ရွေးကော်အတွင်းရေးမှူးက ကြိုတင်မဲများအား ပယ်မဲမဖြစ်စေရေးနှင့် ဆန္ဒပြုရမည့်အချက်များအား ချပြရှင်းလင်းဆွေးနွေးခဲ့ ကြပြီး ကြိုတင်မဲပေးမည့် ပုံစံ-၁၅ အရ နေရပ်စွန့်ခွာပြည်သူများမှ တစ်ဦးချင်း ကြိုတင်ဆန္ဒမဲပေးခဲ့သည်။

အဆိုပါ ကြိုတင်မဲပေးရာသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌဦးအောင်ချစ်နှင့်အဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေနွယ်

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق