Pages

Pages

ဖြူးမြို့နယ်အတွင်း ဒုတိယအကြိမ် ကြေညာထားသည့် မဲစာရင်းများအား မဲဆန္ဒရှင်ပြည်သူများကြည့်ရှု




ဖြူး  ၊ နိုဝင်ဘာ ၂၄

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများ ပါမပါ သိရှိစေရေးဒုတိအကြိမ်  မဲဆန္ဒရှင်စာရင်းမျာ ကြေညာထားလျက်ရှိရာ နိုဝင်ဘာ ၂၄ ရက် နံနက်ပိုင်းက မဲဆန္ဒရှင်ပြည်သူများ ကြည့်ရှုကြကြောင်း သိရသည်။

ဖြူးမြို့နယ်အတွင်း ရပ်ကွက် (၁၈) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၈) အုပ်စုရှိ အုပ်ချုပ်ရေးမှူးရုံးများနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးတွင် (၂၁-၁၁-၂၀၂၅) ရက်နေ့မှ (၄-၁၂-၂၀၂၅) ရက်နေ့အထိ (၁၄) ရက်ကြာ ကပ်ထားကြေငြာသွားမည်ဖြစ်ပြီး နယ်မြေ အခြေအနေအရ ကျေးရွာအုပ်စု(၄၃)အုပ်စု၏ မဲစာရင်းများကို မြို့နယ်ကော်မရှင်ရုံးတွင် ကြည့်ရှုနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

နေမျိုးလွင် 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق