(၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၂)ခု ဆွတ်ခူးရရှိသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုကြိုဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၆) ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၁)ခု၊ ငွေတံဆိပ် (၂)ခု၊ ကြေးတံဆိပ် (၂)ခု ဆွတ်ခူးရရှိသည့် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့အား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဂုဏ်ပြုကြိုဆို




ရန်ကုန်  ၊ နိုဝင်ဘာ ၁၈


၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ နိုဝင်ဘာလ(၁၇) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ကျွန်းတွင် ကျင်းပပြုလုပ်သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှု အားကစားပြိုင်ပွဲတွင် နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့သည် အုပ်ချုပ်သူ နည်းပြ(၃)ဦးနှင့် အားကစားသမား(၄)ဦး စုစုပေါင်း (၇)ဦးတို့ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ်(၁)ခု၊ ငွေတံဆိပ်(၂)ခု၊ ကြေးတံဆိပ်(၂)ခု ဆွတ်ခူးရရှိကာ ယမန်နေ့မွန်းလွဲပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။


အဆိုပါ နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့အား ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကာယဗလနှင့်ကာယကြံ့ခိုင်မှုအဖွဲ့ချုပ်မှ အလုပ်အမှုဆောင်များ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများ၊ မိဘပြည်သူများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

နိုင်ငံ့ဂုဏ်ဆောင် မြန်မာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှ နိုဝင်ဘာလ (၁၇) ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ၊ ဘန်တန်ကျွန်းတွင် ကျင်းပပြုလုပ်သည့် (၁၆)ကြိမ်မြောက် ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် Men’s Bodybuilding 75kg တွင် ရဲထွန်းနောင်က ပထမရွှေတံဆိပ်ဆု၊ Men’s Bodybuilding 80kg တွင် ချမ်းမြေ့ထွန်းက ဒုတိယငွေတံဆိပ်ဆု၊ Women’s Swimsuit Model Physique over 165 cm တွင် ဇူးဇူးသန့်က ဒုတိယငွေတံဆိပ်ဆု၊ Women’s Model Physique up to 160 cm တွင် နီနီအောင်က တတိယကြေးတံဆိပ်ဆုနှင့် Women’s Model Physique up to 170 cm တွင် ဇူးဇူးသန့်က တတိယကြေးတံဆိပ်ဆု စုစုပေါင်း ဆုတံဆိပ်(၅)ခု ဆွတ်ခူးရရှိခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)