Pages

Pages

ရေတာရှည်မြို့နယ်တွင် ဌာနဆိုင်ရာများအား ကော်ဖီပျိုးပင်များ ပေးအပ်




ရေတာရှည် ၊  နိုဝင်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ဦးဆောင်မှုဖြင့် စိုက်ပျိုးရေးဦးစီး ဌာနမှ ကော်ဖီပျိုးပင်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၈)နာရီက ရေတာရှည်မြို့နယ် မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက ကော်ဖီစိုက်ပျိုးခြင်း၏ ရည်ရွယ်ချက်၊ ကော်ဖီစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ ဖြန့်ဝေသည့် ပျိုးပင်များအား ရှင်သန်စေရေးအတွက် သက်ဆိုင်ရာဌာနနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာသန်းက မြို့နယ်ဌာနဆိုင်ရာများအား မြေနိမ့်ဒေသစိုက် ရိုဘတ်စတာကော်ဖီပျိုးပင် (၅၆၉)ပင်အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق