ရုရှားဂတ်စ်တွေကို မဝယ်ဖို့တားတဲ့ အီးယူကို တရားစွဲမယ် တဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားဂတ်စ်တွေကို မဝယ်ဖို့တားတဲ့ အီးယူကို တရားစွဲမယ် တဲ့


နိုဝင်ဘာ - ၁၅ ( စနေနေ့ ) 

ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ရုရှားစွမ်းအင်တင်သွင်းမှုကို ရပ်ဆိုင်းဖို့အတွက် ဥရောပသမဂ္ဂ ( အီးယူ) ရဲ့ အစီအစဉ်ကို စိန်ခေါ်ပြီး တရားရုံးမှာ ရင်ဆိုင်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။ 

အီးယူကောင်စီက ပြီးခဲ့တဲ့လတွေတုန်းက ရုရှားဓာတ်ငွေ့တင်သွင်းမှုကို ရပ်တန့်ရန် အစီအစဉ်ကို ထောက်ခံခဲ့ပါတယ်။ အဲ့ဒိအစီအမံတွေမှာ ခြောက်လအတွင်း ရေတိုစာချုပ်များအဆုံးသတ်ရန်ဖြစ်ပြီး ကျန်ရှိနေသေးတဲ့ ပိုက်လိုင်းတွေနဲ့  LNG ထောက်ပံ့မှုအားလုံးကို ၂၀၂၇ နှစ်ကုန်တွင်အပြီး ရပ်ဆိုင်းရန်တွေပဲ ဖြစ်ပါတယ်။ ဟန်ဂေရီနှင့် စလိုဗက်ကီးယားအပါအဝင် EU နိုင်ငံအချို့က အဆိုပါ လှုပ်ရှားမှုကို ပြစ်တင်ဝေဖန်ခဲ့ကြပြီး စျေးနှုန်းတက်သွားပါက စွမ်းအင်လုံခြုံရေးကို ထိခိုက်စေမည်ဖြစ်ကြောင်း သတိပေးခဲ့ပါတယ်။ 

မနေ့က ဟန်ဂေရီနိုင်ငံပိုင်ရေဒီယိုတွင် ပြောကြားရာတွင် အော်ဘန်က “ဥရောပတန်ဖိုးနဲ့ ဆန့်ကျင်တဲ့ ဥပဒေမဲ့လုပ်ရပ်တွေ၊ ဖြေရှင်းချက်တွေကို လက်မခံနိုင်ပါဘူး။ ဥရောပမှာ တရားမျှတမှုရှိတယ်ဆိုတာကို သိဖို့ ကျနော် တရားရုံးတက်ပြီး ရင်ဆိုင်မှာပါ”လို့ ဆိုပါတယ်။ 

အီးယူရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး ဟန်ဂေရီ အစိုးရအနေနဲ့ အဆိုပါ အစီအစဉ်ကို ပိတ်ဆို့ရန် အခြားနည်းလမ်းများကို စဉ်းစားထားပေမဲ့ အသေးစိတ်ကို ပြောကြားခဲ့ခြင်း မရှိပေ။

စွမ်းအင်ပိတ်ပင်မှုအား အဖွဲ့ဝင်နိုင်ငံ ၅၅% မှ ထောက်ခံမှု လိုအပ်ပေမဲ့ အဲ့ဒါက စံဥပဒေပြုရေးအစီအမံတစ်ခုအဖြစ် သာရှိပါတယ်လို့လည်း ဆိုပါတယ်။  “ဒါဟာ ပိတ်ဆို့အရေးယူမှု မဟုတ်တော့ဘဲ ကုန်သွယ်မှုမူဝါဒ အတိုင်းအတာတစ်ခုပါ။ ပိတ်ဆို့အရေးယူမှုတွေက ကုန်သွယ်ရေးမူဝါဒအတွက် အများစုရဲ့ ဆုံးဖြတ်ချက်တစ်ခုက လုံလောက်နေချိန်မှာ စည်းလုံးညီညွတ်မှု လိုအပ်တယ်” လို့ ဆိုပါတယ်။ 

အီးယူသည် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် ရုရှားရေနံနှင့် သဘာဝဓာတ်ငွေ့ တင်သွင်းမှုကို ရပ်ဆိုင်းလိုက်ကတည်းက စွမ်းအင်စျေးနှုန်းများ မြင့်တက်လာပါတယ်။ ထောက်ပံ့ရေး ပြတ်တောက်မှုကြောင့် စက်မှုကုန်ကျစရိတ်များ မြင့်တက်လာခဲ့ပါတယ်။ စျေးပိုသက်သာပြီး ယုံကြည်စိတ်ချရမှုနည်းသော အခြားရွေးချယ်စရာများကို ရွေးချယ်ခြင်းဖြင့် အနောက်နိုင်ငံများသည် ၎င်းတို့၏စီးပွားရေးကို ထိခိုက်လာနေတယ်လို့  မော်စကိုက ပြောကြားခဲ့ပါတယ်။ 


REF: RT 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)