အလုံမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေငြာထားမှုအား လိုက်လံကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

အလုံမြို့နယ်၌ ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေငြာထားမှုအား လိုက်လံကြည့်ရှု




အလုံ     ၊  နိုဝင်ဘာ       ၂၂


ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ် ကရင်ခြံရပ်ကွက်၊ ဂဠုန်ရပ်ကွက်၊ ဌာနာရပ်ကွက်များရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ဒုတိယအကြိမ်မဲစာရင်းကပ်ကြေညာမှုကို ပြည်သူများမှ လာရောက်ကြည့်ရှုနေမှုအား ယမန်နေ့မွန်းလွဲပိုင်းက တာ၀န်ရှိသူများက လိုက်လံကြည့် ရှုခဲ့ကြသည်။

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ၂၈ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ အတွက်မဲ‌ဆန္ဒရှင်စာရင်းများကို ပထမအကြိမ် ၂၁  ရက်ကြာ ကပ်ထားကြေညာထားခဲ့ပြီးဖြစ်ရာ မဲစာရင်းများပြည်စုံမှန်ကန်စေရေးအတွက် မဲစာရင်းများကို ဒုတိယအကြိမ်အဖြစ် နိုဝင်ဘာလ (၂၁)ရက်နေ့မှ ဒီဇင်ဘာ (၄) ရက်နေ့ အထိ (၁၄)ရက်ကြာကပ်ထားကြေငြာပေးထားမည်ဖြစ်ပြီး မဲဆန္ဒရှင်များအနေဖြင့် မိမိစာရင်းအားလာရောက်ကြည့်ရှု၍ မိမိအမည်မဲစာရင်းတွင်မပါ၀င်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင်အမည် ထည့်သွင်းပေးရန်တောင်းဆိုနိုင်ခြင်း၊ မပါ၀င်သင့်သေးသူများ ပါ၀င်နေပါကပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်း တို့ကိုပြုလုပ်နိုင်ကြောင်း၊ မဲဆန္ဒရှင်များအနေဖြင့်လည်း မဲစာရင်းကိုလာရောက် ကြည့်ရှုမှသာ မှန်ကန်သောမဲစာရင်းရရှိနိုင်မည်ဖြစ်ကြောင်း တာ၀န်ရှိသူ များက ရှင်းလင်းပြောကြားခဲ့ကြသည်။

အဆိုပါ ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးရဲကိုကိုနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြလှိုင်နှင့် အဖွဲ့၀င်များက သွားရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များမှာကြားခဲ့ပါကြောင်း သိရသည်။

ယောဧရာ

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)