Pages

Pages

သန်လျင်မြို့နယ်၌ ဆီထွက်သီးနှံ (နေကြာ) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် တောင်သူများသို့ နေကြာမျိုးစေ့၊ ဓါတ်မြေသြဇာပေးအပ်ပွဲ ကျင်းပ





ရန်ကုန်၊ နိုဝင်ဘာ ၂၈

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ဆီထွက်သီးနှံ(နေကြာ) မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်း၊ ကွင်းသရုပ်ပြပွဲနှင့် တောင်သူများသို့ နေကြာမျိုးစေ့၊ ဓါတ်မြေသြဇာပေးအပ်ပွဲကို ယနေ့နံနက် (၉) နာရီတွင် သန်လျင်မြို့နယ် သူဌေးကွင်းကျေးရွာ တောင်သူ ဦးပေါ်ဆန်း၏ လယ်မြေ၌ကျင်းပသည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတင့်နိုင်က ဆီထွက်သီးနှံ( နေကြာ) စိုက်ပျိုးမှုနှင့်ပတ်သက်၍ နည်းပညာနှင့် ပံ့ပို့ကူညီ ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ဆောင်းသီးနှံများတိုးချဲ့စိုက်ပျိုးနိုင်ရေး ရှင်းလင်းဆွေးနွေးမှာကြားသည်။

ထို့နောက် နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့နှင့်ဓာတ်မြေဩဇာများကို တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးဦးတင့်နိုင်၊ သန်လျင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်ဒုတိယဗိုလ်မှူးကြီး တင်ကိုကို၊ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထိုက်တို့ကပေးအပ်ကြသည်။

ဆက်လက်၍  နေကြာမျိုးစေ့ချကိရိယာဖြင့် နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲနှင့် ဆိုလာစနစ်ဖြင့် ရေသွင်းစိုက်ပျိုးနိုင်ရေးဆောင်ရွက်ထားရှိမှုများကို ဒေသခံတောင်သူများနှင့် ဧည့်သည်တော်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


ဖြိုးသီဟ(သန်လျင်)

#News #Yangon

ليست هناك تعليقات:

إرسال تعليق