ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်




ကျောက်မဲ ၊  နိုဝင်ဘာ ၉


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲကို နိုဝင်ဘာ ၇ ရက် နံနက် ၉ နာရီက ပြန်လည်စတင်ဖွင့်လှစ်သည့် အခမ်းအနားကျင်းပပြုလုပ်ရာ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖွင့်ပွဲတွင် ရှမ်းပြည်နယ်၊ ပြည်နယ်မန်နေဂျာ ဦးအောင်မျိုးထွန်းက ကျောက်မဲဒေသတွင် နယ်မြေဒေသအခြေအနေအရ ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှစ၍ ကျောက်မဲ မြန်မာ့စီးပွားရေးဘဏ်ခွဲကို ယာယီပိတ်သိမ်းခဲ့ရကြောင်း၊ ယခုအခါ  ကျောက်မဲမြို့ကို တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်သည့်အတွက် ယနေ့မှစ၍ ဘဏ်ကို ပြန်လည်ဖွင့်လှစ်ပြီး နိုင်ငံတဝန်းငွေလွှဲခြင်းလုပ်ငန်း၊ စာရင်းရှင်စာရင်းဖွင့်သည့်လုပ်ငန်း၊ အငြိမ်းစားလစာထုတ်သည့်လုပ်ငန်း၊ ငွေစုဆောင်းအပ်နှံခြင်းလုပ်ငန်း အစရှိသည့် ဘဏ်လုပ်ငန်းများကို ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း ရှေးဦးစွာ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး အမှတ် ၁ စစ်ဆင်‌ရေး ကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးသိန်းသန်းဦး၊ ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူများက ကျောက်မဲမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲ ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်း၍ ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် တာဝန်ရှိသူများသည် ဘဏ်မှ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ ထုတ်ပေးနေသည့် အခြေအနေများ ကြည့်ရှုခြင်း၊ သက်ကြီးရွယ်အိုအငြိမ်းစား ပင်စင်စားဝန်ထမ်းများအား အားပေးစကားပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ မြန့်မာ့စီးပွားရေးဘဏ်ခွဲ ပြန်လည်ဖွင့်လှစ်ပေးခြင်းကြောင့် ဒေသခံပြည်သူများ၊ ဝန်ထမ်းများနှင့် ပင်စင်စားများ ဝမ်းသာပီတိဖြစ်နေကြောင်း သိရသည်။


ကျောက်မဲခရိုင် 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)