နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး (၃၆) နှစ်မြောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ်အကြို လှုပ်ရှားမှုအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး (၃၆) နှစ်မြောက် ကမ္ဘာ့ကလေးများနေ့အထိမ်းအမှတ်အကြို လှုပ်ရှားမှုအခမ်းအနား တက်ရောက်




နေပြည်တော် ၊  နိုဝင်ဘာ ၁၉

(၃၆) နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း အထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ KMA‌ ဟော်တယ်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊‌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာကြီးကြပ်မှုကော်မတီဝင်များ၊ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ နေပြည်တော်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းမှတာဝန်ရှိသူများ၊ အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝ မြှင့်တင်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ၊ ကလေးသူငယ်များနှင့်မိဘများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်‌တော်‌ကောင်စီဝင် ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (UNCRC) ပါ ကလေးသူငယ်အခွင့်အရေး (၄) ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အပြည့်အဝဖော်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများဖြင့်ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ကလေးသူငယ်များရဲ့ အခွင့်အရေးများကို ကလေးတိုင်းရရှိနိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းနှစ်ပတ်လည်အချိန်အခါတွင် ကလေးသူငယ်များ ၎င်းတို့၏ အခွင့်အရေးများကို ပိုမိုရရှိလာစေရေးအတွက် “နေ့စဉ်အခွင့်အရေးများ မြှင့်တင်ရေး၊ ကလေးများအသံ နားထောင်ပေး” ("Listen To Children : My Day, My Rights”) ဆိုသည့် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ကလေးများနေ့ ဆောင်ပုဒ်နဲ့အညီ ကလေးများနှင့် သက်ဆိုင်သည့်အခန်းကဏ္ဍအလိုက် လုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ နေပြည်တော်အတွင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သော ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် (Early Childhood Care and Development)မှ ကလေးပြုစုစောင့်ရှောက်သူများအတွက် ရှေးဦးအရွယ် ကလေးသူငယ်စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ သင်တန်းများနှင့် မူလတန်းကြိုကျောင်းများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများဖွင့်လှစ်ပြီး နိုင်ငံရဲ့ အနာဂါတ်ဖြစ်သည့် ရင်သွေးငယ်များကို စနစ်တကျ နည်းမှန်လမ်းမှန်ဖြင့် ပြုစုပျိုးထောင်ပေးစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် နေပြည်တော်ကလေးပြုစုရေးဌာနနှင့် နေပြည်တော်အတွင်းရှိမူလတန်းကြိုကျောင်းများမှ သားငယ်၊ သမီးငယ်လေးများ၏ တေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးပြီး သားငယ်သမီးငယ်လေးများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


အောင်သူရဦး(ဒက္ခိဏ)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)