နိုဝင်ဘာ - ၁၈ ( အင်္ဂါနေ့ )
ဂျပန်နိုင်ငံရဲ့ ပူပူနွေးနွေးဝန်ကြီးချုပ် အမျိုးသမီး ဆားနေးတာကိုင်ချီက ထိုင်ဝမ်အရေးနဲ့ပတ်သက်လာရင် ဂျပန်နိုင်ငံ အနေနဲ့ လိုအပ်ရင် လိုအပ်သလို စစ်ရေးအရပါဝင်ရမယ်လို့ လွှတ်တော်မှာ ပြောခဲ့တဲ့ စကားကြောင့် တရုတ်- ဂျပန် ဆက်ဆံရေးက တစ်နေ့ထက်တစ်နေ့ တင်းမာမှုတွေမြင့်တက်လာနေပါတယ်။
တရုတ်အစိုးရက ပြီးခဲ့တဲ့ ၂ ရက်တုန်းက တရုတ်နိုင်ငံသားတွေ ဂျပန်ကို သွားမလည်ဖို့အတွက် စည်းရုံးရေး လှုတ်ရှားမှုတွေ လုပ်နေသလို ဒီကနေ့လည်း တောင်အာဖရိက နိုင်ငံမှာကျင်းပမယ့် G20 စက်မှုထိပ်သီးနိုင်ငံ အစည်းအဝေးကို တက်ရောက်မယ်ဆိုတဲ့ တရုတ်ဝန်ကြီးချုပ် လီကင်းက ဂျပန်နိုင်ငံနဲ့အတူ ပွဲမတက်နိုင်ဘူး ဆိုပြီး ခရီးစဉ်ကို ဖျက်သိမ်းဖို့ကြေညာလိုက်ပါတယ်။
G20 ထိပ်သီးအစည်းအဝေးကို အစက တရုတ်သမ္မတ ရှီကျင့်ဖျင်တက်ရောက်ဖို့ရှိနေရာက ကမ္ဘာ့ နိုင်ငံရေး အပြောင်းအလဲတစ်ခုကြောင့် မတက်ရောက်တော့ဘဲ ဝန်ကြီးချုပ် လီကင်းကို တက်ခိုင်းရာ အခုတော့ လီကင်းကို ပွဲသွားမတက်ဖို့ တရုတ်အစိုးရက ညွှန်ကြားချက်ပေးလာပါတယ်။
REF: UPI
https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق