ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

 



လွိုင်ကော် ၊  နိုဝင်ဘာ ၁၁

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်အောင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်လမ်းဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ရုံးအတွင်းတည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။  

ဦးစွာ ပြည်နယ်လမ်းဦးစီးဌာနအစည်းအဝေးခန်းမဆောင်၌ ပြည်နယ်လမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်ဝင်းမြင့်က ဝန်ထမ်းများတာဝန်ထမ်းဆောင်မှု၊ ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအားလည်းကောင်း၊ ခရိုင်၊ မြို့နယ်ဌာနတာဝန်ရှိသူများက လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများအားလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေးဆောင်ရွက်ရန်၊ တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးခြင်းအား အလေးထားစစ်ဆေးဆောင်ရွက်ရန်၊ ပွင့်လင်းရာသီတွင်မြို့တွင်းမြို့ပြင်လမ်းများ သာယာလှပရေး၊ အမြင်တင့်တယ်သပ်ရပ်ရေးအတွက်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်လမ်းဦးစီးဌာနရုံးအတွင်းရှိ ဝန်ထမ်းအိမ်ရာများ၊ ဧည့်ရိပ်သာများတည်ဆောက်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီးနောက် ရုံးဝင်းအတွင်း ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လက်ထောက်ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး ၆၄ ပေ x ၄၃ ပေ နှစ်ထပ် သံကူကွန်ကရစ် အဆောက်အအုံ တည်ဆောက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးအောင် အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)