ရေဦး ၊ နိုဝင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်တွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများတွင် ကပ်ထားကြောညာမည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဒုတိယအကြိမ် မဲစာရင်းများကို လာ ရောက်ကြည့်ရှုနိုင်ရေး ယမန်နေ့ နံနက်၉:၀၀ နာရီကလှည့်လည်၍ ပြည်သူများအား လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲမေးရာတွင် အခက်အခဲမရှိ မဲပေးနိုင်ရေး၊ မိမိအပါ အဝင်မိမိတို့၏ မိသားစုဝင်များ မဲစာရင်းတွင်ပါဝင်စေရေး၊ကျန်ရှိမှုမရှိစေရေးနှင့်အချက်အလက်များ ပြည့်စုံမှန်ကန်စေရေးတို့အတွက် နိုဝင်ဘာလ ၁၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဒုတိယအကြိမ်ကပ်ထားကြေညာသည့် မဲဆန္ဒရှင်အမည်စာရင်းများကို ပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုကြပါရန် တာဝန်ရှိသူများက အသိပေးနှိုးဆော်ခဲ့ကြကြောင်းသိရသည်။
၎င်းနောက် မွန်းလွဲပိုင်းတွင် ရေဦးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိ၍ ဆန္ဒမဲပေးပိုင်းခွင့် မဆုံးရှုံးစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမင်းနိုင်ထွန်း ဦးဆောင်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တာဝန်ရှိသူများ၊မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဒေါ်ဖြူဖြူအောင်တို့ပူးပေါင်းပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့်ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် ( One Stop Service ) ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေဦးမြို့နယ်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအား အပိုင်း(၂)၌ ပါဝင်ပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ရာရေဦးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား မြို့ပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂) အုပ်စုတို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق