အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန်ယုံကြည်မှုရှိခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်စေပြီး ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုပ်ရှင်၊ အလုပ်သမား အပြန်အလှန်ယုံကြည်မှုရှိခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေးကောင်းမွန်စေပြီး ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်


နေပြည်တော်၊ နိုဝင်ဘာ ၁၆

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်ရှိ အထည်ချုပ်စက်ရုံများ ဖြစ်သည့် U Better (Myanmar) Fashion Co., Ltd. ၊ Myanmar Huasheng Golden Fashion Co., Ltd. နှင့် Myanmar Guotai Huasheng Fashion Co., Ltd. တို့မှ အလုပ်ရှင်၊ အလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံ၍ လုပ်ငန်းခွင် တည်ငြိမ်အေးချမ်းရေး၊ ကုန်ထုတ်စွမ်းအားတိုးတက် ရေး၊ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး၊ အလုပ်ရှင်နှင့် အလုပ်သမားများ ပူးပေါင်းဆောင်ရွက်ရေး၊ လူမှုဖူလုံရေးအကျိုးခံစားခွင့်များ ရရှိခံစား နိုင်ရေး မှာကြားသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားရေးရာဥပဒေ များနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ ၂၀၁၁ ခုနှစ်၊ အလုပ်သမားအဖွဲ့ အစည်းဥပဒေနှင့်အညီ အဖွဲ့ အစည်းအဆင့်ဆင့် ဖွဲ့စည်းနိုင်ရေး ဦးစီးဌာနမှ လိုအပ်သည့် ကူညီပံ့ပိုး မှုများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ အလုပ်သမားအဖွဲ့ အစည်းများကို ဖွဲ့စည်းရာတွင် အလုပ်သမားများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်ရန်၊ အလုပ်ရှင်နှင့် အလုပ်သမားများ အကြား ဆက်ဆံရေးကောင်းမွန်စေရန်အတွက် စနစ်တကျ လွတ်လပ်စွာ ဖွဲ့စည်းဆောင်ရွက်နိုင်ကြောင်း။

အလုပ်သမားရေးရာ လုပ်ငန်းညှိနှိုင်းရေးကော်မတီ (WCC)၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ကော်မတီများအနေဖြင့် အလုပ်သမားရေးရာဥပဒေများနှင့်အညီ စည်းကြပ် ဆောင်ရွက်ပေးမှုများ ကို အလေးထားလိုက်နာရန်၊ အလုပ်ရှင်၊ အလုပ်သမား အပြန် အလှန် ယုံကြည်မှုရှိခြင်းဖြင့် လုပ်ငန်းခွင်ဆက်ဆံရေး ကောင်းမွန်စေပြီး ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးနိုင်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် လူမှုဖူလုံရေးအဖွဲ့မှ စက်ရုံများအတွင်း ရွေ့လျားဆေးကုသယာဉ် (Mobile Medical Unit) ဖြင့် အာမခံအလုပ်သမားများကို ဆေးဝါးကုသမှုများ၊ ဓာတ်ခွဲစစ်ဆေးမှုများ၊ ECG စစ်ဆေးခြင်းများ ကွင်းဆင်းဆောင်ရွက် ပေးမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)