မင်းလှမြို့နယ်၌ ဒုတိယအကြိမ် ကြေညာမည့်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့နယ်၌ ဒုတိယအကြိမ် ကြေညာမည့်မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက်




အထက်မင်းလှ  ၊ နိုဝင်ဘာ ၁၁


မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ဒုတိယအကြိမ် ကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၉ ရက်နေ့မှ စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဇံလှက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခိုင်မို့မို့ကျော်က ဒုတိယအကြိမ်ကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းများ စစ်ဆေးဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။

ဒုတိယအကြိမ်ကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ၅ (က) အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပုံစံ (၁) ပူးတွဲ (၁) စာရင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပုံစံ (၁) ပူးတွဲ (၂) စာရင်းအား ရယူပြီး ဒုတိယအကြိမ် မဲစာရင်းပြုစုနိုင်ရေး ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ အဖွဲ့ (၄) ဖွဲ့ခွဲ၍ မဲစာရင်းများ တိကျပြည့်စုံမှန်ကန်စေရေး မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်နိုင်ငံရေးပါတီများ၊ ရပ်ကွက်/ကျေးရွာများဖြင့်စိစစ်မှုများ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


ဝင်းမြတ်(အထက်မင်းလှ)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)