နွားထိုးကြီးမြို့၌ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်၊ မြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးနှင့် ရေရရှိရေး ဆောင်ရွက်လျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နွားထိုးကြီးမြို့၌ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်၊ မြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးနှင့် ရေရရှိရေး ဆောင်ရွက်လျက်ရှိ

Uploading: 1820903 of 1820903 bytes uploaded.



နွားထိုးကြီး  ၊ နိုဝင်ဘာ ၂၆


မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်၊နွားထိုးကြီးမြို့တွင် နိုဝင်ဘာ ၇ ရက်မှ စတင်၍ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။

နွားထိုးကြီးမြို့သည် ၂၀၂၄ ခုနှစ် ဩဂုတ် ၈ ရက်မှစ၍ နယ်မြေဒေသအခြေအနေ မတည်ငြိမ်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအပ ကျန်ဌာနဆိုင်ရာရုံးများမှာ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ အခြားမြို့များသို့ သက်ဆိုင်ရာဌာနအလိုက် တွဲဖက်တာဝန်ထမ်းဆောင် ခဲ့ကြရပါသည်။ ယခုအခါ နွားထိုးကြီးမြို့သည့် နယ်မြေဒေသအခြေအနေတည်ငြိမ်အေးချမ်း လာပြီဖြစ်သည့်အတွက် နိုဝင်ဘာ ၇ ရက်မှ စတင်၍ ဌာနဆိုင်ရာရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ဌာနဆိုင်ရာ (၃၂) ရုံးမှ အရာထမ်း (၃၄) ဦး၊ အမှုထမ်း (၃၃၈) ဦးတို့ဖြင့် တာဝန်ထမ်း ဆောင်နေပြီး အခြေခံပညာကျောင်း (၁၈) ကျောင်း ဖွင့်လှစ်နိုင်ခဲ့သည်။ နွားထိုးကြီးမြို့ပေါ် ရပ်ကွက်များမှ ထွက်ပြေးတိမ်းရှောင်နေသည့် အိမ်ထောင်စု (၉၇၇) စု၊ လူဦးရေ (၂၂၈၄) ဦး ပြည်သူများ ပြန်လည်ရောက်ရှိနေထိုင်လျက်ရှိသည်။

နွားထိုးကြီးမြို့ သန့်ရှင်းသာယာလှပရေးအတွက် တပ်မတော်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများပူးပေါင်း၍ ချုံနွယ်သစ်ပင်သစ်ကိုင်း များ ခုတ်ထွင်ရှင်းလင်းခြင်း၊ မြို့ပေါ်ရပ်ကွက်များ လျှပ်စစ်မီးနှင့်ရေရရှိရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ မြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန်လုပ်ငန်းများ၊ လူသုံးကုန်ပစ္စည်းဆိုင်များ ပြန်လည်ဖွင့်လှစ်ခြင်း၊ ခရီးသွားယာဉ်လိုင်းများမှာလည်း နေ့စဉ်ပုံမှန်ပြေးဆွဲနေပြီ ဖြစ်ကြောင်း သိရသည်။                   


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)