Pages

Pages

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေစင် ပျော်ဘွယ်မြို့နယ်တွင် ဆန္ဒမဲပေးနိုင်ရန် အသက်(၁၈)နှစ်ပြည့်ပြီးသူများ မကျန်ရှိစေရေး စာရင်းကောက်ယူနေမှု၊ စာရင်းဖြည့်သွင်းနေမှုတို့ကို ကြည့်ရှုအားပေး

 



ပျော်ဘွယ်  ၊ နိုဝင်ဘာ ၂၉


မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေစင်သည် ပျော်ဘွယ်မြို့သို့ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲကရောက်ရှိပြီး မြို့မရဲစခန်းအတွင်း မဲပေးစက်များထိန်းသိမ်းထားမှု မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် မဲဆန္ဒရှင်စာရင်းများပြင်ဆင်ဖြည့်သွင်းနေမှု၊ ရပ်ကွက်အချို့၌ မဲဆန္ဒရှင်စာရင်းကျန်ရှိမှု မရှိစေရေး စာရင်းကောက်ယူနေမှုတို့ကို ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေစင်သည် မြို့မရဲစခန်းအတွင်း မဲပေးစက်များ ရောက်ရှိထိန်းသိမ်းထားမှုအခြေအနေများကို ကြည့်ရှုပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးသို့သွားရောက်၍ မဲဆန္ဒရှင်စာရင်းများ ပြင်ဆင်နေမှု၊ ကျန်ရှိစာရင်းများ ဖြည့်သွင်းနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန်အတွက် ရမည်းသင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ ရွှေပြည်ရန်အောင်ရပ်ကွက်နှင့် ရွှေပြည်ရန်လုံရပ်ကွက်များသို့ သွားရောက်ကာ ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့် စေတနာ့ဝန်ထမ်းများပါဝင်သည့် အဖွဲ့များက ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက်(၁၈)နှစ်ပြည့်ပြီးသူများ မကျန်ရှိစေရေး မြေပြင်ကွင်းဆင်း၍ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူနေမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို သက်ဆိုင်ရာအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق