နေပြည်တော်၊ နိုဝင်ဘာ ၂၇
နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံသမ္မတ မစ္စတာ အလက်ဇန္ဒားလူကာရှန်ကိုသည် ယနေ့ နိုဝင်ဘာ ၂၇ ရက်ညပိုင်းက တရားဝင်ချစ်ကြည်ရေးခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။
ဘယ်လာရုစ်နိုင်ငံ သမ္မတအား နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာမှတာဝန်ရှိပုဂ္ဂိုလ်များမှ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ဘီလာရုစ်သမ္မတရုံးဝဘ်ဆိုဒ် သတင်းထုတ်ပြန်ချက်တွင် ဘီလာရုစ်နိုင်ငံ အကြီးအကဲနှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ယာယီသမ္မတ၊ နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်သည် နှစ်နိုင်ငံဆက်ဆံရေး၏ အလားအလာကောင်းသော နယ်ပယ်များနှင့် ပူးတွဲစီမံကိန်းများ အကောင်အထည်ဖော်ရေးတို့ကို ဆွေးနွေးမည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲများတွင် စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေး၊ စက်မှုလုပ်ငန်းနှင့် ဆေးဝါးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် မတ်လနှင့် ဇွန်လတွင် မင့်စ်မြို့၌ ကျင်းပခဲ့သော အဆင့်မြင့်ဆွေးနွေးပွဲများအတွင်း ရရှိခဲ့သော သဘောတူညီချက်များကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုကို ပြန်လည်သုံးသပ်မည်ဖြစ်သည်။
နှစ်နိုင်ငံသဘောတူညီချက်များစွာကို လက်မှတ်ရေးထိုးရန် စီစဉ်ထားပြီး အဓိကတစ်ခုမှာ ၂၀၂၆-၂၀၂၈ ခုနှစ်အတွက် ဘီလာရုစ်နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပြမြေပုံဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
#News #Myanmar #Belarus














ليست هناك تعليقات:
إرسال تعليق